အပိုင်း -- ၄

18.1K 1.2K 5
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞

ပြဿနာတစ်ခုကို
သွေးပူနေချိန် မဖြေရှင်းသင့်ဘူးလို့
လူတွေကပြောကြတယ်။
ဒါပေမယ့်
သွေးပူနေတုန်းဖြေရှင်းရမယ့်ပြဿနာကို
သွေးအေးသွားမှဖြေရှင်းမယ်ဆိုရင်တော့
မလိုလားအပ်တဲ့အဖြေတွေ
ထွက်လာနိုင်တယ်။

______________________________

''ဒေါက် ဒေါက် ''

ဝေခွဲမရစွာ အခန်းထဲမှာခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသော မြတ်ယွန်းလင်းငယ်။
တံခါးခေါက်သံကြောင့် ခြေလှမ်းများကိုရပ်လိုက်ကာ

''ဝင်လာခဲ့ပါ''

အခန်းတံခါးဖွင့်ကာဝင်လာသော သူမ၏ မေမေ...

''မီးလေးကပြောတယ်။ငယ်လေးလက် မှန်ကွဲရှလို့ဆို ဒဏ်ရာကများသလား။မေမေ့ကိုပြပါဦး''

လက်ကဒဏ်ရာကို ကြည့်ရန်ပြင်နေသောမေမေ့ကြောင့် လက်ကိုနောက်သို့ရုတ်လိုက်ကာ

''မများပါဘူးမေမေရဲ့။ ဟိုကလေးကပတ်တီးသေချာစည်းပေးသွားတာပါ''

ကုတင်ပေါ်ထိုင်နေသောသူမဘေးသို့ မေမေကဝင်ထိုင်ပြီး ဒဏ်ရာမရှိသော သူမဘယ်ဘက်လက်ကလေးအားဆုပ်ကိုင်ကာ

''ငယ်လေးကို မေမေတစ်ခုပြောချင်တယ်''

''ဟုတ်...ပြောလေ မေမေ''

'' ပစ္စည်းတစ်ခုကို ကိုယ်ကတန်ဖိုးမထားဘူး၊လိုမှသုံးတယ်ပဲထားပါတော့။အဲ့ဒီပစ္စည်းလေးကို တစ်ချိန်ချိန်မှာ တန်ဖိုးထားတဲ့သူတစ်ယောက်ကပေါ်လာခဲ့ရင် အဲ့ဒီပစ္စည်းလေးက တန်ဖိုးမသိတဲ့သူရဲ့လက်ထဲမှာ ရှိနေချင်ပါဦးမလား သမီး။ သူ့ကိုတန်ဖိုးထားမြတ်နိုးတဲ့သူဆီမှာပဲ သူပျော်တော့မှာလေ''

''မေမေ ဘာကိုဆိုလိုချင်တာလဲ ''

''မေမေဘာပြောချင်တာလဲဆိုတာ သမီးသိပါတယ်။အခုချိန်မှာကတည်းက တန်ဖိုးမထားနိုင်ဘူးဆိုရင် တစ်ခါတည်းစွန့်ပစ်လိုက် ။တန်ဖိုးထားမယ်ဆိုရင်လည်း သေချာထိန်းသိမ်းထား။တခြားတစ်ယောက်လက်ထဲတန်ဖိုးထားခံနေရတာမြင်ရမှ သေချာမထိန်းသိမ်းခဲ့ရကောင်းလားဆိုပြီး သမီးနာကျင်နေရလိမ့်မယ်''

နှလုံးသားမှာ  ဆူးWhere stories live. Discover now