[၃]

1.1K 152 30
                                    

"ဒါပေမယ့်လည်း ကလေးရယ်
မင်းက အကြီးပဲကို။သည်းခံလိုက်ပါကွယ်"

နှုတ်ခမ်းထောင့်မှာပေရေထားသည့်သွေးစက်တို့အားဂွမ်းတံတစ်ခုနှင့်သန့်စင်ပေးလျက်ကနေအမေသည်ဟီဆွန်းအား သြဝါဒခြွေဆုံးမလာ၏။

ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်ထားပုံရသည့် အမေ့မျက်ဝန်းတွေကိုကြည့်လိုက်၊

တစ်ဖက်တွင်လည်းအဖေအရင်းဆီမှာဆူပူကျိန်းမောင်းခံရပြီဖြစ်သောကောင်လေးရဲ့ကျောပြင်ကိုခပ်လှမ်းလှမ်းမှခိုးကြည့်လိုက်ရင်းဖြင့်ဟီဆွန်းမှာတစ်ကိုယ်တည်း ဗျာများအတွေးထူရသည်။

"မင်းလုပ်ရပ်ကို သုံးသပ်ကြည့်စမ်း
ဘယ်လောက်အားနာစရာကောင်းလဲ
ငါ့သားအရင်းဆိုပြီး ရောင့်ကန်းတက်မလာနဲ့"

"ဒယ်ဒီ သူတို့တော့မျက်နှာပူတတ်တယ်ပေါ့
မာမီ့နောက်ဆုံးoperationတုန်းကကြတော့ ဘာကိုမှထောက်ထားစရာမလိုဘူး စိတ်တစ်ခုနဲ့ မလာခဲ့တာလား"

"ဂျယ်ယွန်း!
မင်းထင်သလိုမဟုတ်မှန်း..
ဘယ်နှစ်ခါရှင်းပြရမှလက်ခံမှာလဲ"

"ဒယ်ဒီ ရှင်းပြစရာကိစ္စမရှိတော့ပါဘူး
ကျနော် ထပ်လည်းနားထောင်မလိုဘူး
ဓားသွားတွေ ပြည့်နေတဲ့လောကကြီးထဲ
သံယောဇဉ်ဆိုတဲ့ ကြိုးတွေ
ဘယ်အချိန်ထိမြဲမြံမယ်များတဲ့လဲ။
အကုန်လုံးက အနှေးနဲ့အမြန်ပြတ်တောက်မှာပဲ"

"ရှင်းမ်ဂျယ်ယွန်း!!!"

"အဟက်"
"ဒယ်ဒီဝဋ်မလည်ဘဲ ဒီမိန်းမနဲ့တည်မြဲဖို့ ကျနော်ဆုတောင်းနေနှင့်မယ်"

လှေကားလက်ရန်းအားအကြမ်းပရမ်းကိုင်ကာအပေါ်ထပ်သို့ဒုန်းစိုင်းပြေးတက်သွားသည့်ဂျယ်ယွန်းရဲ့ခြေသံအဆုံးကိုဟီဆွန်းတုပ်တုပ်မလှုပ်လျက်သာနားထောင်လိုက်မိသည်။

ရှင်းမ်ဂျယ်...။
ကောင်လေးထံမှ ဒဏ်ရာအတိမ်အနက်တို့သည် သူမှန်းဆခဲ့တာထက်ပင် ပိုကာမှောင်မိုက်၍ နစ်ဝင်နေသည်။

ပြဿနာတွေအားလုံးရဲ့ တရားခံဇစ်မြစ်ကို မည်သူ့အားခေါင်းစဥ်တပ်လွှဲချရမည်မှန်းဟီဆွန်းမသိတော့ပါ။

Sour GrapesDonde viven las historias. Descúbrelo ahora