[၅]

1K 151 39
                                    

"ရှင်းမ်ဂျယ်!!"

"အခု အဲ့ကောင် ဘယ်မှာလဲမေမေ"

ခြံဝန်းတံခါးဖွင့်ဖွင့်ချင်းမှစ၍ အိမ်ဦးခန်း ဧည့်တွေ့ဆောင်ထဲထိ ဒေါကြီးမောကြီးနှင့် ကတိုက်ကရိုက်ဝင်လာသည့် ဟီဆွန်းရဲ့မြင်ကွင်းအား ဂျယ်ယွန်းက အပေါ်ထပ် လှေကားထစ်ကွယ်ရာကနေ
ချောင်းလျက် ညစ်ကျယ်ကျယ်ပြုံးလိုက်၏။

သည်လိုပင်ဖြစ်ရမည်ဟုလည်း တိတ်တိတ်ကလေး ကြုံးဝါးသေးသည်။

ရွဲရွဲစိုသောချွေးစက်တွေကြားမှာဆောင့်တက်နေသော ဒေါသစိတ်ကြောင့် နီရဲပြိုလဲနေသည့် မျက်နှာအသွင်သဏ္ဍာန်။

ခန်းမဆောင်ထဲက ဆေးရေးပန်းချီတွေဆီပင် မေ့လို့၊
ဂျယ်ယွန်းငေးမိရသည့်ကျောပြင်သည်ကပင်လူတစ်ကိုယ်လုံးပစ်ဝင်ချင်လုစရာ လုံလုံလောက်လောက် ကျယ်လွန်းနေသည်။

နှစ်ချို့ဝိုင်တစ်လုံးသည့်နှယ်၊
မြင်သူကို အငမ်းမရ သောက်သုံးလိုစိတ် ပေါက်လုလာစေသည့်ထိုးထောင်ထွက်နေတဲ့နီဆွေးဆွေးမဟော်ဂနီဆံစုတွေနှင့် သူ။

လူတကာဆီကအကြည့်ခံရရန်အတွက်သာရှင်သန်ဖို့လိုအပ်သလိုမွေးဖွားလာပုံရသည့် ဟီဆွန်းထံမှ ဂျယ်ယွန်း ဟာကွက်ရှာ၍ပင်မစွမ်းသာတော့ပေ။

"ဘာဖြစ်လာရတာလဲ ကလေးရယ်"
"တိုးတိုးတိတ်တိတ်နေစမ်းကွယ်
မေမေတို့က ခုမှပြောင်းလာတာကို သတိရဦး"

"မေမေ မသိဘူး
အဲ့ကောင် ဒီနေ့ဘယ်လောက်တောင်မွှေမှန်း"

"နားလည်မှုလွဲလာတာနေမှာပါ ကလေးရယ်"

"အရင်ပြန်သွားတာမပြောဘဲ
သားကိုအကြာကြီးစောင့်ခိုင်းတာမေ​မေရဲ့။

ဘာတဲ့..
ကိုကိုကဖုန်းမကိုင်လို့ပြန်တယ်တောင်ဖြစ်ရသေး
အကျင့်ကပုတ်တဲ့အပြင် လိမ်ပါလိမ်သေး"

"အင်း။ မေမေ တကယ်တော့ရိပ်မိလိုက်ပါတယ်။
သူ့နေရာမှာ သားဆိုလည်း ဒီအခြေအနေကို လက်ခံဖို့ ခဲယဥ်းဦးမယ်မဟုတ်လား"

ဟီဆွန်းက သူ့အမေကိုတော့ တော်တော်လေးပင် တန်ဖိုးထားကြောင်းသည်စက္ကန့်မျှစာအချိန်အပိုင်းခြားလေးနှင့် ဂျယ်ယွန်းလှမ်းမြင်လိုက်ရသည်။

Sour GrapesWhere stories live. Discover now