ဆောင်းတွင်းထဲလုံးလုံးဝင်ပြီမို့နေရောင်ခြည်စုသည်ပြတင်းဗဟို၌မှိန်ဖျော့ဖျော့သာ ကျဆင်းလာသည်။
မြူနှောသော ဆောင်းလေစိုင်သည်မူ ဟီဆွန်းရဲ့ပေါင်တံကြောတွင် မှေးစက်နေသေးတဲ့ ပါးမို့နှစ်ဖက်အနားတွင် ဖြတ်ကာ ဝေ့ဝဲကြ၏။
ယမန်နေ့တွေတုန်းကထက်သာလွန်၍အိစက်ညက်ညောသော မွေ့ရာပြင်ပေါ် လှဲအိပ်ရသလိုမျိုး၊
အိပ်မောကျဆဲကောင်လေးကိုမနိုးစေချင်သေးသည်မို့ဟီဆွန်းက တိတ်တဆိတ်ဖြင့်သာ ငုံ့ငေးမိသည်။
ချယ်ရီရောင်နှုတ်ခမ်းဖူးရဲ့ ထောင့်စွန်းမှာ ထင်းနေရှာတဲ့ ကိုက်ရာလေး။
ညတုန်းကသူကိုယ်တိုင်လိုလားစွာခြယ်လှယ်တံဆိပ်ကပ်ဖြစ်ခဲ့သောအမှတ်အသားလေးမို့ပင် ဟီဆွန်းက အူလှိုက်သည်းဖို ကျေနပ်မိသလို၊
'မဖြစ်နိုင်'သည်ထက် 'မဖြစ်သင့်'သော အိပ်မက်ကိုမှ မက်မိခဲ့သည့်သူ့လုပ်ရပ်အပေါ်၌လည်းစိတ်ပျက်သိမ်ငယ်လာရသည်။
အထူးသဖြင့် ..၊
မေမေ့မျက်နှာလွှာမြင်စဥ်တိုင်း၊
မေမေ့ထံမှဂျယ်ယွန်းအကြောင်းဖော်ဖော်သီသီကြားရချိန်တိုင်းတွင်ဟီဆွန်းအဖို့မြေကျွင်းတူး၍ဝင်အောင်းမိမည့်မတတ်အသက်ရှူအိုက်ရ၏။ခိုးကြောင်ခိုးဝှက်မြတ်နိုးမိသည့်အခါ စိတ်၏အစဥ်တွင် မသိုးမသန့်နှင့် နိုးထရပြီး၊ သိမ်ငယ်မှုဖြင့်အိပ်မောကျရသည်သာမဟုတ်ပင်လိမ့်။
"ဟင်..."
"ကျနော်....."
"အိပ်ပျော်နေတာ တော်တော်ကြာသွားလားဟင်
မွေ့ရာပေါ် ချထားခဲ့တာတော့မဟုတ်ဘူး""မျက်နှာသွားသစ်တော့ ရှင်းမ်ဂျယ်
ခဏနေဆို ကိုယ်တို့မနက်စာဆင်းစားရမယ်"ပေါင်ပေါ်ကနေလူးလိမ့်၍နိုးထလာသောဖရိုဖရဲဆံစုတွေကိုဟီဆွန်းစိတ်လိုလက်ရဖြီးသပ်ပေးတုန်းမှာပင်၊
"ခဏလေးပါ"
"ကျနော်...ဒီတိုင်းလေး နေလို့ဖြစ်မလား"ဟီဆွန်းရဲ့လည်တိုင်ကို ဂျယ်ယွန်းရဲ့ လက်တံတွေက ရုတ်ချည်း ယှက်နွယ်မင်းမူလာ၏။
ထို့နောက် ကျယ်ပြန့်သော ဘယ်ဘက်ရင်အုံကို ပစ်မှတ်ထားပုံရကာ ခေါင်းလုံးလုံးဖြင့်တိုးဝှေ့၍လည်း ချွဲနွဲ့ပြန်ပေသေးသည်။