[၂၄]

506 77 48
                                    

"မင်းအဆင်ပြေရဲ့လား ဂျယ်ယွန်း"



လျော့ရွဲနေတဲ့ ပခုံးစွန်းပေါ် ဖေးမဆုပ်ကိုင်ကာ အားပေးသမှုပြုလာသည့် သူငယ်ချင်းဖြစ်သူဆောင်းဟွန်းရဲ့အမေးကို ဂျယ်ယွန်း ခေါင်းညိမ့်ရုံသာ တုံ့ပြန်လိုက်၏။

နှုတ်ဖျားစွန်းကတဆင့် ရှိုက်ငင်လို့ နှာခေါင်းထိပ်ဖျားကနေ သက်ပြင်းချက်မတို့နှင့်အတူ ရောလွှတ်ခံလိုက်ရတဲ့ စီးကရက်ငွေ့တွေကြားနေ ကောင်းကင်ယံကဗ္ဗလာထံ ငေးမော့တော့ ညသည် အတော်မိုးချုပ်စပြုပေပြီ။

အိမ်ပြန်ချိန်တန်ပြီမှန်း သိသည့်တိုင် မပြန်ချင်။

သို့တစေ အိမ်ကနေစွန့်ခွာထွက်ပြေးကာ အရှုံးသမားတစ်ယောက်လို ထပ်မံမပြိုလဲချင်တော့။

အစ်ကိုမရှိလည်း သူနေနိုင်သည်ကို အစ်ကိုသိအောင် အရွဲ့တိုက်နေစေ့ချင်သည်။



အစ်ကိုတောင်မှ မျက်ကွယ်ပြုနိုင်သေးတာ။

သူကိုယ်တိုင်တည်ခဲ့တဲ့ ကတိကဝတ်တွေကိုဖျက်လိုဖျက်ဆီးခဲ့တာကလည်း အစ်ကိုပဲ...။

အစ်ကို့ကို မမြင်ရ၊မကြင်ရခင်တည်းက သူက လောကဓံရဲ့ အနာအဆာတွေထဲ အေးအေးလူလူနေသားကျတတ်ခဲ့သေးတာပဲ။




နို့ပေါင်မုန့်တစ်လုံးလောက်တောင်မှ ဒိတ်လွန်သက်တမ်းမခံခဲ့တဲ့ချစ်ခြင်းမေတ္တာတွေရဲ့ ဖောက်လွဲဖောက်ပြန်မှုကြောင့်နဲ့ သူလိုလူက ဘာကြောင့်ထပ်ပြီးခံစားနေရဦးမှာတဲ့လဲ...။

"ဆေးလိပ်တွေလျှော့ဦး ဂျယ်ယွန်း"


နောက်တစ်လိပ်ထပ်ရှိုက်ဖို့ လက်မနဲ့လက်ညှိုးကြား အရံသင့်ညှပ်ထားတဲ့ စီးကရက်ဘူးကို ဆွဲယူကာ သိမ်းဆည်းလိုက်သည့် ဆောင်းဟွန်းနှင့် အချေအငံမဖြစ်ချင်တာမို့ အခုရောက်နေတဲ့ ဟန်မြစ်ကမ်းနံဘေး၏ ညရှူမျှော်ကွင်းထံသာ ဂျယ်ယွန်းအာရုံလွှဲလိုက်ရတော့သည်။

မဟူရာည၏ မှောင်ပိန်းကျမှုက နိမ့်ချည်မြင့်ချည်ဖြင့် အစိုးမရသော ကစဥ့်ကလျားစိတ်အတွင်းမှ အမှောင်ထုကို အားဖြည့်နေသည့်နှယ်။

"မနက်ဖန်သူလက်ထပ်တော့မယ်ဆောင်းဟွန်း"

"ဒီအတိုင်းတောင် ပင်ပန်းလွန်းတဲ့နေ့ရက်တွေထဲ သူ့ဇနီးလောင်းနဲ့ပါ တအိမ်ထဲအတူနေရတော့မယ့်ငရဲထက်ပိုပူပြင်းတာရော ရှိရော့သေးရဲ့လား"

Sour GrapesTempat cerita menjadi hidup. Temukan sekarang