[၉]

931 149 31
                                    

ညဥ့်ဦးယံ၌ပြတင်းဧရိယာမှတဆင့်ဝင်လာသော လေစိုင်သည် အေးမြသလောက် ရံဖန်ရံခါ ခြောက်ကပ်လုပေပြီ။

ဆောင်းသို့ခြေလှမ်းစပြုလာသည့်ရာသီစက်ဝန်းက အကြောင်းအရင်းဖြစ်တန်မည်။

နှင်းတွေတော့ မဝေသေးပေ။

ချည်ဖျင်ရှပ်အရှည်အား ဖောက်ခွင်းလာသော အအေးဓာတ်ကိုပင်မေ့လို့ ၊ ဟီဆွန်းက သူ့ရင်ခွင်ထဲ အိပ်မောကျနေသေးတဲ့ ကောင်ကလေးထံ ခေါင်းငုံ့ကြည့်လိုက်သည်။

နွေးသည်ထက် ကဲ၍၊ ပူကျစ်ပေသော လက်ချောင်းလေးတွေကိုလည်း မလွှတ်စတမ်း ဟီဆွန်း ဖွဖွဆုပ်ကိုင်ထားဆဲဖြစ်၏။

နှုတ်ခမ်းဖျားကနေ 'မာမီ'တစ်လုံးတည်းကိုသာ တွင်တွင်ခါခါရေရွတ်နေတဲ့ ဂျယ်ယွန်းရဲ့ပုံရိပ်က သူ့နှလုံးအိမ်ကို ဆောက်နှင့်ထုခွင်းသည့်နှယ်။

ဘာအပြစ်မှမလုပ်ထားပင်မယ့် သူ့ကိုယ်သူ ခံစားမိလာရသည်မှာ တရားခံသကဲ့။

"တောင်းပန်ပါတယ် ရှင်းမ်ဂျယ်"

"မင်းနာကျင်ရသမျှ အရာအားလုံးအတွက်
ကိုကိုကပဲ တောင်းပန်စကားဆိုပါရစေကွယ် "

လုံးအိနေသော နှာဖျားထိပ်လေးကို လက်ညှိုးနှင့် ခပ်ဖွဖွတို့ပြီးသည့်နောက်၊ အဖျားဓာတ်ကြောင့်
နဂိုအသွေးထက်ရဲတွတ်နေတဲ့ ပါးမို့လေးဆီလည်း ဟီဆွန်း တွေ့ထိသည်။

တကယ်ပင် သိမ်မွေ့ထွေးထွေးအိအိလေး။

မဖမ်းဆုပ်နိုင်သော တိမ်စိုင်တွေဆီ စိတ်မှန်းနှင့်သာ နူးညံ့ဖူးခဲ့ရသည့် အထိအတွေ့တစ်ခုလို။

ရင်ခွင်မှတဆင့်မွေ့ရာခင်းထဲခွေးပေါက်ကလေးတစ်ကောင်လို လှိမ့်ဆင်းသွားသည့် ဂျယ်ယွန်းရဲ့လက်တွေကိုလည်း မဖုံးမဖိနိုင်သော အပြုံးတို့ဖြင့် သူနှုတ်ဆက်ခဲ့ပေပြီတည်း။

- - - - - - - - - - - - - - - - - - - - - - - - - - - -

"ရုတ်တရက်ကြီး!"
"မင်းက ဘာလို့ဒီအကြောင်းတွေသိချင်လာရတုန်း"

"သြော် ဒီလိုပဲ"
"ကောလိပ်ကျောင်းသားတစ်ယောက်အနေနဲ့သိချင်တာလေ။ ငါတို့လိုကောလိပ်ကျောင်းသားတွေ အနိုင်ကျင့်ခံရရင် ဘာနဲ့အမှုပြန်ဖွင့်ပြီး၊ ကာကွယ်နိုင်မလဲသိထားသင့်တာပေါ့"

Sour GrapesWhere stories live. Discover now