[၈]

972 154 48
                                    

"အဲ့ဒီမယ် ဘာရပ်လုပ်နေတာလဲ
မြန်မြန်ဝင်လေ"

"လာပါပြီ မင်းကလည်း
အသွင်အပြင်လေးကြည့်တော့သိမ်မွေ့သလိုနဲ့ဒေါသကဘာလို့ဒီလိုထောင်းခနဲလွယ်ရတာလဲ"

ဝန်းတံခါးအနား အရှေ့အနောက်မကွာဟသော အနေအထား၌ခြေစုံရပ်ရာကနေသုတ်သုတ်ပျာပျာဖြင့်လှစ်ခနဲထွက်သွားတဲ့ကျောပြင်ကိုငေးကြည့်ရသည်မှာ၊

ဘာကြောင့်ရယ်မှန်းမသိဤတနေ့တာအဖို့အပူအပင်မဲ့ဆုံးအချိန်ပင်ဖြစ်မည်ဟု ဟီဆွန်း ထင်မှတ်မိသည်။

ပေါ့ပေါ့ပါးပါးပြေးလွှားသွားသော ကောင်လေးရဲ့ပုံစံက ညနေစောင်း နေရီတရောထဲ
လန်းဆန်းနေသည်။

ဂျယ်ယွန်းက သူနှင့်ပထမဦးဆုံးတွေ့ခါစတုန်းကလို
မှိုင်းပျမနေတော့။

အမှောင်ညထဲမြင်ခဲ့ရသောအရှုံးသမားမျက်ဝန်းတွေနှင့်မဟုတ်ဘဲပိုးစုန်းကြူးတစ်ကောင်လိုလင်းလက်မှုတချို့ကို ဟီဆွန်း မြင်လာရသည်။

"ဘာလာစိုက်ကြည့်နေတာလဲ
နည်းနည်းပါးပါးတော့ ကူမယ်မရှိဘူး"

ကန်နံဘေးရေဘုံဘိုင်တွင် ခေါင်းတစ်ခုလုံးစိုရွဲမတတ်ရေသွန်းလျက်အညစ်အကြေးသန့်စင်သော
ကောင်လေးရဲ့ ပြာတိပြာယာခတ်နေတဲ့ပုံရိပ်ကို ကြည့်ပြီး ဟီဆွန်း အသံထွက်ရီမိသည်။

တကယ့်အာဂကောင်လေး!

သူ့ကိုယ်သူ ဟန်မူပိုကာ၊ ယာကူဇာမျက်နှာဖုံးတပ်ထားပေမယ့် မြင်ရသူအနေနှင့်ထွင်းဖောက်သိနားလည်လာရသည့်သွင်ပြင်အစစ်အမှန်မှာသုံးနှစ်သားအမွှေးပွခွေးစုတ်ဖွားတစ်ကောင်ထက်မပို။

"ရှင်းမ်ဂျယ်မတောင်းဆိုရင်တောင်မှ"

"ကိုကို မင်းကိုကူညီမယ်"

ရေပိုက်ခေါင်းကိုကိုင်ကာ စိုရွှဲပြီးဖြစ်သော ဂျယ်ယွန်းရဲ့စိုထိုင်းထိုင်းဆံနွယ်စုတွေကို ဟီဆွန်းက အသာအယာထိုးဖွပေးရင်း သန့်ရှင်းစေသည်။

ယခု ဂျယ်ယွန်းက ဟီဆွန်းရှေ့ ခါးကိုညွှတ်ကာ ရေလောင်းခံနေသည်မျိုးဖြစ်၏။

ညနေစောင်းထဲညို့မှိုင်းရီဝေမတတ်ဖြာနေသည့်နေရောင်ခြည်ကဂျယ်ယွန်းကိုယ်ပေါ် အံဝင်ဂွင်ကျစွာ စုနေတဲ့အခါ နဂိုနို့နှစ်ရောင်အသားအရည်မှာ
ထင်းလင်းလွန်းနေပေပြီ။

Sour GrapesWhere stories live. Discover now