[၂၇]

666 78 34
                                        

"စိုးရိမ်တုန်းလား"



မောင်းသူထိုင်ခုံကနေ ကိုယ်ခန္ဓာညွှတ်ကိုင်းကာ သူ့ခါးပတ်ကြိုးကို ဖြေလျော့ပေးလာတဲ့ အစ်ကိုဟီဆွန်းလက်တွေရဲ့ လျင်မြန်စွာကြီးစိုးမှုတွင် ဂျယ်ယွန်း တုပ်တုပ်မျှပင်မလှုပ်လိုက်နိုင်။

နီးကပ်ထိစပ်နေသည့် ကိုယ်သင်းရနံ့တို့၏ လွန့်လူးခြင်းတွင် ရင်ဘတ်ကျယ်ကျယ်ထဲ တိုးဝှေ့ပွေ့ဖက်ကာ စိုးရွံ့စိတ်ကိုတီးတိုးဝန်ခံမိတော့၊ကလေးဆန်နေသယောင်ဖြစ်ပျက်မှုအပေါ် အစ်ကိုဟာ ပေါ့ပါးစွာရယ်မော၏။



"ကြောက်နေတာပဲ... "
"ကိုယ့်ကလေးလေး"


ကားမှန်အပြင်ကနေ အတိုင်းသားထွင်းဖောက်မြင်နေရတဲ့ မပြန်ချင်ခဲ့သောအိမ်တော်ရဲ့ ပြယုဂ်တို့က ခြောက်တိခြောက်ကပ်လွန်းသည်ရဲ့။

ခြံတံတိုင်းတွင် ပနံသင့်စွာရံဝန်းနေသော အလေ့အကျပေါက်တဲ့ ချုံနွယ်ပန်းတို့ထံမှ ဆွတ်ပျံ့လာသည့် သင်းရနံ့ပင်လျှင် စိတ်၏ပူပင်မှုကို မကုစားခဲ့နိုင်။

ခိုကိုးရာမဲ့ကလေးတစ်ယောက်သည့်နှယ် အစ်ကို့ရင်ခွင်ထဲ၌သာ အကာအကွယ်လှုံလို့ ထာဝစဥ်တည်ချင်ပါသည်။

ပတ်တီးစည်းထားရဆဲ လက်ကောက်ဝတ်ကလေးပေါ် အစ်ကိုက အနမ်းတွေ ယုယစွာသောင်တင်စေတော့ မိုက်ရူးရဲခြင်းကို ဦးထိပ်တင်၍သာ ပြန်မလွှတ်ပေးလိုတော့ပြီ။

"မမေ့လိုက်ပါနဲ့..."
"ရှင်းမ်ဂျယ်အနားမှာ တနည်းမဟုတ်တနည်းနဲ့ ကိုယ်အမြဲရှိနေတာကို..."

"ရှင်းမ်ဂျယ် ကိုယ့်ကိုအချိန်တခုပေးပါ"

"ကိုယ်လိုလားတဲ့ တရားဝင်သက်ဆိုင်သူရဲ့ပလ္လင်တော်မှာ မင်းတစ်ယောက်တည်းခစားနိုင်ရအောင် ကိုယ့်ဘက်က အစွမ်းကုန်ကြိုးစားပြီး လှမ်းလာခဲ့ပါ့မယ်"


စေ့စပ်စွာစိုက်ကြည့်ဖြစ်ကြသော မျက်ဝန်းများမှတဆင့် ရောထွေးနက်နဲစွာ တွန်းပို့ခံထားရသည့် ခံစားချက်တို့က ဒွိဟပင်လယ်တွင် သောင်တင်လျက်။

အတော်ကြာသည်အထိ ခွန်းတုံ့စကားအပြန်အလှန်ဆိုသည်မရှိဘဲ တဒင်္ဂရပ်တန့်သွားတဲ့လေဟာနယ်၌ ကားအတွင်း နှောဝင်နေသည်မှာ မိုးလေဝသထုတ်ပြန်ချက်သတင်းစဥ်သာ အကျယ်လောင်ဆုံးအဖြစ် လောင်မြှိုက်နေတော့သည်ရဲ့။

Sour GrapesDonde viven las historias. Descúbrelo ahora