[၃၀]

377 76 47
                                    

နေရောင်ပျပျပင် မထွန်းလင်းတော့သော ဝန်းကျင်ကို မျ​က်ကွယ်ပြုထားတဲ့ ပါတီအခမ်းအနားတစ်ခုထံမှ ညံစီသံသည် လူကုံထံဆိတ်ငြိမ်ရပ်ကွက်အတွင်း ဆူပွက်မတတ် ရိုက်ခတ်လျက်ရှိချေပေ၏။



ဂျယ်ယွန်းသည် အလှပန်းအိုးလေးများစီရရီစိုက်ပျိုးထားတဲ့ မြေကွက်လပ်နံဘေးက ခုံပုကလေးတစ်လုံးပေါ် ထိုင်လျက်နှင့်တင် မျက်စိရှေ့က လူအုပ်ကြီးကို မြင်ပြင်းကတ်စွာပင် ငေးငိုင်ကြည့်နေမိသည်။





ဒီနေ့က ရှင်းမ်လုပ်စုကြီးတည်ထောင်ခြင်းနှစ်၃၀ပြည့်နှစ်ဖြစ်သည်ကတကြောင်း၊ဒယ်ဒီရဲ့စီမံမှုတွင် မျက်နှာလိုမျက်နှာရလုပ်ချင်သဖြင့် လိုအပ်သည်ထက် လောကွတ်ချော်နေတဲ့ ရှယ်ယာရှင်ဧည့်သည်တော်များကြောင့်တကြောင်းဖြင့် ခြံဝန်းထဲတွင် ရောင်စုံမျက်နှာဖုံးများက ဟိုဒီတလွှား နေရာအပြည့်ပင်ပေ။




"စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

မြင်ကွင်းတကာအားလုံးထက် ဂျယ်ယွန်းကိုပို၍စိတ်ထိခိုက်စေသည်က သူ့အစား အစ်ကို့ကို ပွဲထုတ်ကြွားလုံးဟစ်နေတဲ့ ဒယ်ဒီ့ရဲ့လုပ်ရပ်ပင်ဖြစ်ရာ၊ဒီတလျှောက်လုံး ဋ္ဌာနမှူးကောင်းတစ်ယောက်အနေနှင့် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့သမျှက အရာမဝင်တော့သည့်နှယ်။

သိမ်ငယ်ခြင်းမည်သည်ဆိုဆို တခါတလေတော့လည်း ချစ်ရတဲ့အစ်ကို့ကိုပါ မုန်းချင်လာသည်အထိ စိတ်ကွက်မိရပါတယ်။









"နောက်ဆုံးတော့ တစ်ဦးတည်းသော သွေးသားအရင်းအချာလေးကလည်း လုပ်ငန်းအတွက်အထောက်အပံ့ဖြစ်လာပြီဆိုတော့ မစ္စတာရှင်းမ်တော့ စိတ်အေးရပြီပေါ့"

"မအေးရသေးပါဘူးဗျာ"
"ကျုပ်သားက လိုအပ်ချက်တွေအများကြီးရှိသေးတာ။ခုနေ ကျုပ်နှလုံးထဖောက်ပြီးသေသွားရင် စိတ်ချစရာဆိုလို့ သားဟီဆွန်းကိုပဲမျှော်လင့်ခဲ့ရမှာပဲ"





တရိပ်ရိပ်မှောင်ရီဝင်လာတဲ့ လောကရပ်ဝန်းနှင့်အပြိုင်မြင်ပြင်းကတ်လောက်အောင် ထိုးဖောက်နေသည့် ပါတီပွဲကျင်းပသံဆီက အပြုံးတုတွေရဲ့ ရယ်မောသံအတုအယောင်တွေ။

You've reached the end of published parts.

⏰ Last updated: Aug 31 ⏰

Add this story to your Library to get notified about new parts!

Sour GrapesWhere stories live. Discover now