[၁၀]

908 145 35
                                    

"ဒီရက်ပိုင်းတွေမှာ.."

"ဟီဆွန်းကထူးဆန်းလာတယ်
အရင်ကလိုညနေတိုင်း ဘောလုံးကန်ရင်တောင် ငါတို့နဲ့ မလိုက်ချင်တော့ဘူး"

"ဟျောင်းက ခုမှသိတာလား"
"ဒီကောင် ပိုက်ဆံမရတဲ့ ရာထူးရနေတယ်လေ
အသက်၂၀ကောင်လေးရဲ့ကလေးထိန်း"

"ဟေ"

စင်္ကြံတစ်လျှောက်တီးတိုးနေရာယူလာတဲ့ ဂျုံဆောင်းနှင့်Kရဲ့ ညံစီစီအသံကြောင့်၊

vending machineထဲမှ စပျစ်ဒိန်ချဥ်ဘူးကို ယူရာကနေ ခေါင်းအတွင်တွင်ခါလျက် ဟီဆွန်းလှည့်ကြည့်၏။

ဖြတ်သွားဖြတ်လာ မိန်းကလေးတချို့က သူ၏ ထင်ဟပ်ပေါ်လွင်ကြည်ရှင်းသော မျက်နှာအသွင်အပြင်ကို အာရုံစိုက်နေကြပင်ငြား၊

ဟီဆွန်းရဲ့ စိတ်ညာဥ်အစဥ်မှာတော့ ရှင်းမ်ဂျယ်ထံ၌သာ အစဥ်မှီဝဲချင်သည်။

လျှာဖျားထဲချဥ်စိမ့်စိမ့်တိုးဝင်လာတဲ့ဒိန်ချဥ်ရည်တွေကိုဖြေးဖြေးစီမြိုချလျက်ကနေပင်၊

သလဲသီးသွေးသောအသည်းပုံနှုတ်ခမ်းစွန်းတွေကို ပြေးမြင်ယောင်လာသည်မို့သူတစ်ကိုယ်တည်းအထိတ်တလန့်ဖြစ်မိပေတော့သည်။

'ဒုက္ခပဲ ငါဘာတွေတွေးမိနေတာလဲ'

ရှင်းမ်ဂျယ်ယွန်းနှင့်သာ ပြည့်နှက်ချင်သော ရပ်ဝန်း၌သာ ခြေလှမ်းတွေကြဲလျက်၊ အိပ်ပျော်မိတဲ့ သူ့အနား နီဆွေးမြည့်သောသစ်ရွက်အိုတချို့ ပွတ်တိုက်လာမှ နိုးထမိပါတော့သည်။

"ဂျုံဆောင်းပြောတာတကယ်ပဲလားဟီဆွန်း
မင်းက ပထွေးရဲ့သားကိုထိန်းရတာဆို"

"အိုဗာတွေသတ်မှတ်လွန်းနေတာပဲ
ငါက ဒီတိုင်းလမ်းကြုံရင်း ညီလေးကိုလှမ်းခေါ်ရုံ"

"လမ်းကြုံတာကြီးကလဲမင်းဆော့နေကြကစားပွဲတွေကိုတောင်ပျက်ကွက်လာရတဲ့အထိလား

"ငါ...ငါက ရိုး..ရိုးရိုးသားသားပါ
ဘာ..အတွက်နဲ့မှမဟုတ်ဘူး"

"ငါတို့လည်း မင်းကိုမရိုးသားဘူးမပြောမိပေါင်"

ဆက်တိုက်လို ကျီစယ်စနောက်လာသည့် မှတ်ချက်ပြုမူတွေအပေါ် ဟီဆွန်း ငြင်းဆန်၍ ခွန်းတုံ့ပြန်နိုင်ခြင်းမရှိရပါ။

Sour GrapesOnde histórias criam vida. Descubra agora