[၂၃]

546 74 53
                                    

လေးဘက်လေးတန် အုံ့မှိုင်းမင်းမူလျက်ရှိသည့် အမှောင်ထုအား ခဝါချ၍ မဖွဲတဖွဲမီးအလင်းစများအကူဖြင့် တိုးဝင်လာတဲ့ ကားတစ်စီး၏ အင်ဂျင်လည်သံသည် အမြင်နှင့်တင် အသရေမြင့်သော အိမ်တော်ကြီးရဲ့ ပရဝုဏ်အတွင်းတွင် ရုန်းရင်းဆန်ခတ်ဆန်စွာ အရှိန်သတ် ဂိတ်ဆုံး၏။

ကားထဲကနေ ပြင်ပလောကသို့ သြဇာတိက္ကမကြီးသော ဟန်ပန်မူရာဖြင့် အခြေချလိုက်သည့် နီညိုရောင်ဒေါက်ချွန်ဖိနပ်တစ်စုံထံမှ နိုင့်ထက်စီးနင်းလိုသူဆန်ဆန် လှမ်းဝင်မှုတွင် အိမ်တော်ထဲ ဒုတိယထပ်မှ ဆင်းသက်လာသည့် တယောအိုတေ့ကစားသံကလွဲ၍ မည်သည့်အသံတို့မှ အစိုးမရ။

အမျိုးသမီးက ခါးလယ်အထိ ဝေ့ဝဲထားတဲ့ ဆံနွယ်ညိုတွေကို ပုံပန်းပြန်လည်ညှိယူအပြီးမှာတော့ သူမ၏မြင်ကွင်းထဲ စေ့စပ်ပွဲပြီးတည်းက ပျောက်ဆုံးနေသည့် ခင်ပွန်းလောင်းဖြစ်သူရဲ့အရိပ်အား ကျီးကန်းတောင်းမှောက် ဖွေရှာလာသည်။

ယိုယွင်းနေတဲ့ မျက်ဝန်းရိပ်များက ယခုနေချက်ချင်း ဟီဆွန်းကို ရှာမတွေ့လျှင် ပြဿနာပျိုးဖို့ တာဆူပြင်းပြနေသည့်အလား။

"လူကြီးတွေမရှိတာကို အိမ်ကို အသိမပေးဘဲ လာလည်တာပါလား။ကိစ္စတခုခု အရေးကြီးလို့လား ဆယ်ရီ"

"ကိစ္စ...ကိစ္စလို့ပြောနိုင်သေးတယ်လား!"

"လက်ထပ်ဖို့ နှစ်လပဲကျန်တော့တဲ့အချိန်မှာ စေ့စပ်ပွဲပြီးတည်းက အေးအေးလူလူပျောက်နေနိုင်တာ လွန်လွန်းနေပြီလို့မထင်ဘူးလားဒါလင်"

"ကျနော်တို့တွေက စီးပွားရေးအကျိုးအမြတ်တွက်ချက်ပြီးလို့သာ မရှိမဖြစ် ဟန်ပြဆက်နွယ်နေရတဲ့ ပြဇာတ်တစ်ပုဒ်ထဲက ကချေသည်တွေပဲလေ။မင်း ဘာလို့ အတည်ပေါက်ကြီး စိတ်ဆိုးပြနေရတာလဲမိန်းမလှလေးရဲ့"

"ကိုင်း...စိတ်ကို အရင်လျှော့ပါ"
"ကျနော် မင်းသောက်ဖို့ရေနွေးကြမ်းငှဲ့ပေးမယ်"

အခိုးငွေ့တထောင်းထောင်းထဆဲရှိသေးတဲ့ ခါ့မိုမိုင်းလ်လက်ဖက်ရည်ကြမ်းထည်တစ်ခွက်ကို မထီမဲ့မြင်အပြုံးတို့နှင့် ဆက်သတော့၊ဒေါသအံရန် ချောင်းမြောင်းလာခဲ့သည့် အမျိုးသမီးငယ်ရဲ့ အကြံအစည်တို့ အထမမြောက်လိုက်နိုင်။

Sour GrapesOù les histoires vivent. Découvrez maintenant