[၄]

1.1K 162 53
                                    

"ဆိုတော့..."
"ဒီနေ့ကစ အဲ့ကောင်လေးနဲ့အတူပြန်ရမယ်ပေါ့။
တစ်မိုးအောက်ကငါတို့ဂျစ်တူးကောင်လည်းနောက်ဆုံးတော့ ကလေးပြန်ထိန်းနေရပြီပဲခိခိ"

လာဗင်ဒါရောင်သန်းသည့်ကျောလွယ်အိတ်အားငိုင်တွေစွာပွေ့ပိုက်လျက်ရှိသောဟီဆွန်းကိုရှေ့မျက်နှာစာ၌ခပ်သွက်သွက်လှမ်းနေတဲ့ဂျုံဆောင်းကနောက်ပြန်လှည့်၍ရယ်ကျဲကျဲပြောလာခြင်းဖြစ်၏။

စာသင်ဆောင်ရောက်လာသည့်မနက်ဦးပိုင်းတည်းက ဟီဆွန်းရဲ့မျက်နှာဟာ ဆောင်းလေစိုင်ထဲ မြူဖုံးသည့်နှယ် ညှိုးမှိုင်နေသည်။

ယခင်လိုပင်သေသပ်စွာမဖြီးလိမ်းလာတဲ့ဆံစုတွေရဲ့မြင်ကွင်းအရနှင့်တင်တော်တော်လေးစိတ်ရှုပ်ထွေးထားမှန်း ပေါ်လွင်၏။

"ဒါကျီစယ်စရာမဟုတ်ဘူးဂျုံဆောင်း"

"ငါ သိပါတယ် မင်းကလည်း
ဆူပုတ်လွန်းလို့ သက်သာလိုသက်သာငြားလေ"

"ဟူး"
"မင်းဘဝပဲ နားအေးတယ်ပတ်ဂျုံဆောင်း"

သူသည်ခြေစုံရပ်ရာမှသက်ပြင်းအရှည်ကြီးချကာ၊ ကျောင်းဝန်းဧရိယာထဲပြန့်ကြဲနေသောသစ်ရွက်အိုတချို့ကိုဖနောင့်နှင့်ခြေကာ နင်းလိုက်၏။

ဟီဆွန်းဒီလိုမျိုးသိသိသာသာပြိုလဲနေရသည့်မြင်ကွင်းသည်နံဘေးကဂျုံဆောင်းကိုပါငြိမ်ကျသွားဖို့အကြောင်းဖန်လာသည်။

ပုထုဇဥ်Lustitiaဟုသူငယ်ချင်းတွေထံကအမည်ပြောင်သတ်မှတ်ခံရသည်အထိလွတ်လပ်မှု၏အနှစ်သာရကိုတန်ဖိုးထားကျင့်သုံးရာ သူလိုလူအတွက် လေးဖက်လေးတန်အကျဥ်းကျသွားသည့်နှယ်။

"ဟီဆွန်းရား
မင်းဟာအခြေအနေတစ်ခုကိုဘယ်လိုကောင်းမွန်အောင် ကိုင်တွယ်ထိန်းချုပ်နေနိုင်တဲ့လူမို့လဲ။
ဒီလို တာထွက်ထဲက ပြိုလဲနေတာမျိုးက အီဟီဆွန်းရဲ့ပုံစံအစစ်အမှန်မှမဟုတ်တာ"

"အင်း"
"ငါလဲ အဆင်ပြေလာဖို့မျှော်လင့်ပါတယ်"

လေးတိလေးကန်သောဟီဆွန်းရဲ့ကျောပြင်ကျယ်ကို ခပ်ဖွဖွလှမ်းပုတ်ပြီးသည့်နောက် ဂျုံဆောင်းတစ်ယောက်ကောလိပ်ဂိတ်ဝကနေလက်ပြနှုတ်ဆက်သွားချိန်တွင်မူ..၊

Sour GrapesTempat cerita menjadi hidup. Temukan sekarang