စားပွဲဝိုင်းထဲဒုတိယအကြိမ်မြောက်တွေ့ဆုံမှုဖြစ်လင့်ကစားမိသားစုအနေဖြင့်ပထမဦးဆုံးပင်မို့၊
ကျွမ်းဝင်မှုမရှိသောအငွေ့အသက်တို့ကြားနိုးထရသောနံနက်တာ၏နိဒါန်းသည် ဟီဆွန်းအတွက် ကစားပွဲတစ်ခုသည့်နှယ်အစပျိုးလာ၏။
ဒေသယိအစားအစာတို့နှင့်သာကျင်လည်ခဲ့သူ သူ့အဖို့ စိမ်းသက်ရသောအနောက်တိုင်းဆန်သည့်မနက်စာ။
လူလေးဦးထိုင်လျက်ရှိသည့်တိုင် ခြေသံတိတ်ကာ ဆိတ်ငြိမ်ခြောက်ကပ်နေတဲ့ လေထုနှင့်အပူရှိန်။
ရောင်စုံဆန်သောစိန်ခေါ်မှုတွေထဲ ဟီဆွန်းအတွက် အရာရာသည် အပြိုအပျက်ဆန်လာသည်။
ခံစားချက်တို့မည်သည်ချောက်ကမ်းပါးအစွန်အဖျားခြေစုံရပ်ရသည့်နှယ်၊ယိုင်တိယိုင်နဲ့နှင့်။စိတ်လိုရာတဇောက်ကန်းရှေ့တိုးသော်ပြုတ်ကျပျက်စီးရော့ရမည်။
အထူးသဖြင့်ရှေ့မှောက်၌ထိုင်ကာမသတီဆန်စွာ ဒေါက်ထောက်ကြည့်နေတဲ့ ဂျယ်ယွန်းနှင့်တင် လွန်ဆွဲရခြင်းကပင် စိတ်မှာလေးပင်လာ၏။
အမှောင်တောထဲအပြိုပြိုလဲခဲ့တဲ့အရှုံးသမားမဟုတ်တော့သည့်နှယ်တစ်မနက်အတွင်း တစ်ဟုန်ထိုး ပြောင်းလဲနိုင်စွမ်းသောမျက်ဝန်းတွေကိုကြည့်မိရုံကပင်ဟီဆွန်းအဖို့ ခံစစ်လမ်းကြောင်းအလယ် တန်ပြန်ခုခံရသည့်နှယ်။
"အားနာပေမယ့်..
ကျနော် စားလက်စရပ်ပြီး ကျောင်းသွားပါရစေ အန်ကယ်""ဟေ...
အစောကြီးသွားတော့မို့လား သားဟီဆွန်း""သုံးဆောင်ရတာအဆင်မပြေလို့နေမယ်ဒယ်ဒီရဲ့
ဟုတ်တယ်မို့လား ကိုကို"ရဲတင်းစွာတိုက်စစ်ဆင်လာသည့်ကောင်လေးထံမှဗျုဟာအသစ်အား ဟီဆွန်းလိုက်၍မမှီသာတော့ပါ။
ကြက်ဥကြော်မကျက်တကျက်အလယ်က အနှစ်ကို မစားဘဲ ခက်ရင်းခွနှင့်မွှေနှောက်၍ ရိသဲ့သဲ့လုပ်လာတဲ့သူ့ကို ဟီဆွန်း မျက်ခုံးတန်းကွေးသည်အထိဘုကလန့်သာပြန်ကြည့်လိုက်နိုင်တော့သည်။
"အဆင်မပြေစရာမရှိပါဘူးညီရဲ့
စိတ်ပူပေးတာ ကျေးဇူး""သြော်..
ညီအစ်ကိုအချင်းချင်းအားနာစရာလား
တောမှာတုန်းကနဲ့ အများကြီးကွာမှာပေါ့။
နယ်စာလေးပြင်ပေးလိုက်ပါဦးအိမ်ထိန်းဂင်မ်"
![](https://img.wattpad.com/cover/324984907-288-k497600.jpg)
YOU ARE READING
Sour Grapes
Fanfictionချဥ်သက်သက်အချစ်မျိုးသာဆိုရင်တော့ ဆက်မြည်းစမ်းဖို့ငါဝန်လေးမှာပါ။