[၁၂]

974 156 34
                                    

နေရောင်ခြည်မှိန်ဖျော့လာသော ညနေစောင်း၌ ဂျယ်ယွန်းက ခြံဝန်းထဲမှ ဒန်းလွှဲပေါ် မှီလျက် ငြိမ်သက်စွာထိုင်နေသည်။

ကြောင်စီစီမျက်ဝန်းတို့ကတော့ ခြံတံခါးရှေ့ ဧည့်ဝတ်ပျူငှာပြနေသော သမင်ပျိုထံ တိတ်တဆိတ်မာန်ခဲ၏။

ပိတုန်းရောင်ကေသာတွေ လေမှာဝဲမတတ်နူးညံ့၍ လှပကျက်သရေလွင်သောအမျိုးသမီးလေးကို ပြုံးပြကာရယ်မောလိုက်တဲ့နှုတ်ခမ်းကွေးတွေကို သူတစီဆွဲဖဲ့ပစ်ချင်မိပြီ။

"မျက်နှာများတဲ့ကောင်"

"ငါ့ဘဝရဲ့ ပထမဆုံးအနမ်းကိုလုယူသွားရုံတင်မကဘဲ လှေနံနှစ်ဖက်နင်းချင်သေးတယ်"

"ဒါနဲ့များ စည်းကိုချိုးမယ်ဖြတ်မယ်တဲ့
အာပလာကောင်"

"မနက်တိုင်း မင်းသောက်တတ်ရာ
လက်ဖက်ရည်ခွက်ထဲမှာ ယင်ကောင်ဝင်ပါစေ"

တစ်ယောက်တည်းပါးစပ်တဖွဖွကြားလှုပ်လီလှုပ်လဲ့အ​ခြေမငြိမ်နေသည့်ဂျယ်ယွန်းထံ ဟီဆွန်းက မြင်သည်ဆိုရုံကြည့်လာ၏။

ဖြတ်ခနဲဆိုသည်ပင်ငြား၊နှစ်ဦးသားအကြည့်ချင်းစုံခိုက်မိသောအခိုက်အတန့်တိုင်း၌တားဆီးမရသော နှလုံးခုန်သံကြား သူမောဟိုက်ရသည်။

ဤလုလင်ထံကွယ်လှစ်ထားသော ထောင်ချောက်များစွာမည်မျှပင်ရှိနေနှင့်ပြီနည်း။

သိသိလျက်တင်အလိုအလျောက်တိုးဝင်မိသော ခြေလှမ်းတွေကိုလည်း ဂျယ်ယွန်း အပြစ်မတင်နိုင်တော့ပါ။

အီဟီဆွန်းက အမြင်ထက်ပင်အန္တရာယ်များသည်။

သူ့အပြုံးတို့တွင် စပျစ်တစ်ခိုင်ကို ခြံရံသော ချုံနွယ်ဆူးပေါင်းများစွာထက်နှလုံးအိမ်ထဲထိစူးစိုက်ဖောက်ထွင်းမည့် ဗို့အားတို့လည်းရှိ၏။

ဒါကိုနေ့လည်တုန်းကတိုက်ခိုက်ကျူးကျော်ခံခဲ့ရသောနှုတ်ခမ်းသားထံမှရသော ချိုမြိန်မှုထဲ ယစ်မူးမိရာကတစ်ဆင့်၊ဂျယ်ယွန်းနားလည်လာရပေပြီတည်း။

- - - - - - - - - - - - - - - - - - - - - - - - - - -

"သားဂျယ်ယွန်း"
"ညစာအတူတူစားရအောင်လေ
ဒီမှာ မိတ်ဆက်လိုက်ဦး"

Sour GrapesWo Geschichten leben. Entdecke jetzt