[၂၆]

442 77 30
                                    

ပိန်လှီပါးလွှာသော အရေပြားတစ်ထောက်စာကို ဖြတ်၍ ဆစ်ခနဲနာကျင်လာစေတဲ့ ဆေးထိုးအပ်ရာတွေ...။



မှိုင်ထွေလျက်သား ငေးကြည့်စဥ်ပင် ဂျယ်ယွန်းရဲ့ အကြားအာရုံတွင် တိုင်ပင်ဆွေးနွေးသံတချို့က ဝေဝါးစွာ ပဲ့တင်လွန်းနေချေ၏။



နှာဖျားအဝ၌ စိတ်အနှောင့်အယှက်တစ်ခုအဖြစ် တိုးဝှေ့နံညှီနေတဲ့ ဆေးရုံရနံ့တွေကို နောက်တကြိမ်ရွံ့သီးရဖို့ ပက်ပင်းတိုးလာချိန်မှာ မာမီဆေးရုံတက်စဥ်က သက္ကရာဇ်တွေထံ ဂျယ်ယွန်း တဖန် လွမ်း၍မောမိသည်။




မိဘအချင်းချင်းစေ့စပ်လမ်းကြောင်းတိုက်တွန်းမှုကြောင့် တစ်အိုးတစ်အိမ်ထူထောင်ခဲ့ကြရတဲ့ ဒယ်ဒီတို့ရဲ့ အိမ်ထောင်ရေးမှာ မြေစာပင်သဖွယ် ကူကယ်ရာမဲ့သည့်တိုင် မာမီဟာ သားဖြစ်သူကိုတော့ အဆုံးစွန်ထိတိုင် လက်မလွှတ်ခဲ့ပေ။




မလိမ္မာဖြစ်သော ကလေးငယ်အနေနဲ့တစ်ကိုယ်တည်းမှားယွင်းခဲ့သမျှ လမ်းကြောင်းတိုင်းကို ထိုအမျိုးသမီးကသာလျှင် တည့်မတ်နိုင်အောင် ပဲ့ကိုင်သည်။



ရွယ်တူအချင်းချင်းထံမှ အနိုင်ကျင့်စော်ကားထိပါးခံခဲ့ရသမျှ ဂျယ်ယွန်းရဲ့အိမ်ပြန်ချိန်တိုင်းတွင် ထိုမိန်းမကသာလျှင် တံတိုင်းသဖွယ် မားမားမတ်မတ်ကာရံပေးခဲ့တာ။





နောက်ဆုံးထွက်သက်တုန်းက မျက်ဝန်းညိုတွေရဲ့ အထီးကျန်စွာ ရော်ဆွေးရိပ်ကို အစွန်အဖျားပမာဏလောက်ကို နားလည်မိခဲ့တော့၊ဂျယ်ယွန်းဟာ သူ့ကြောင့်နှင့် မာမီ့လို ပေးဆပ်ရုံသက်သက်ကုန်ဆပ်ခဲ့ရသူ မိန်းကလေးမျိုး ထပ်မံမမြင်တွေ့တော့လို။






နွေးထွေးစွာသက်ရောက်တဲ့ချစ်ခြင်းမေတ္တာတွေကိုပွေ့ဖက်ထားနိုင်ဖို့က သူ့အတွက်တော့ ပြစ်ဒဏ်ဆိုရုံသာသာ သက်ရောက်ခဲ့ဟန်များလား။




အတ္တမျဥ်းတန်းပေါ်က နောက်ဆုံးလက်ကျန်ခြေလှမ်းအနေနှင့် အစ်ကို့လက်တွေကို မြဲမြံစွာဆုပ်ကိုင်လိုခဲ့ရုံပါ။





တဖြေးဖြေးနဲ့အရာအားလုံးက ပခုံးပေါ်လေးလံလာတာမို့ စွန့်လွှတ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်ခွင့်မပေးပြန်တဲ့ ကံကြမ္မာကိုလည်း စိတ်ပျက်စရာအနေအထားကနေ ဂျယ်ယွန်းနားမလည်တော့ဘူး။




Sour GrapesTempat cerita menjadi hidup. Temukan sekarang