နံနက်တုန်းတည်းကလူသူလစ်လပ်သွားခဲ့ပြီဖြစ်သည့်အိပ်ခန်းတစ်ခုအတွင်း၌အငွေ့အသက်ကျန်နေတာကပြတင်းကြားမှတိုးဝင်စိမ့်သောမှိန်ဖျော့ဖျော့အလင်းတန်းတချို့သာလျှင်ရှိချေသည်။
နေ့စဥ်လိုဖရိုဖရဲမြင်ရတတ်တဲ့အဝတ်အစားများမဲ့နေသည့်အခါ၊ဟာလာဟင်းလင်းဖြစ်သွားရသောဗီရိုတစ်လုံးအသွင်။
နှလုံးစိုင်၏လစ်ဟာရမှုဟာဟီဆွန်းအဖို့မျက်စိရှေ့မှောက်ကပန်းကန်ချပ်ထဲထိုးဆွနေတဲ့ခက်ရင်းနှင့်ဓားတစ်စုံလို။တဆစ်ဆစ်ဖြင့်ဤရင်ညွှန့်အားနာကျင်စေမတတ် ထုံးလိုမွှေ၊ရေလိုနှောက်လာသည်မို့။
ယိုင်နဲ့လာသည်ကို တည်ကြည်ရိပ်သန်းနေအောင် ကြိုးစားပြီးထိန်းညှိရသည်က သူ့အတွက် တုံဏှိဘာဝေလျက်ကြားကပင် ပင်ပန်းလွန်းပေပြီ။
စားပွဲဝိုင်းထဲကနေမျက်စိဒေါက်ထောက်ကြည့်ပြီးအခြေအနေကိုအကဲခတ်နေသောမေမေ့ရဲ့ထောက်လှမ်းရေးမျက်ဝန်းများထံမှသူသည်လည်းအဝေးဆုံးသို့ပြေးထွက်လိုက်ချင်သား။
"သားဂျယ်ယွန်း ဘယ်ရောက်သွားတာလဲ"
"ကျောင်းအစောကြီးသွားတက်တာလား""ဟုတ်တယ် အစ်ကို"
"ပြီးတော့ ကျမကိုလည်းပြောသွားတယ်။
သူစာမေးပွဲနီးပြီမို့စာလုပ်ဖို့ဒီတလောတော့ သူ့သူငယ်ချင်းအိမ်မှာပဲ အိပ်ဖြစ်ဦးမယ်တဲ့""အမြဲအဲ့လိုပဲ"
"တစ်ခုခုဆို ဖအေကိုတိုင်ပင်မယ်မရှိဘူး
လုပ်ချင်ရာသိပ်လုပ်တယ် သားလေးက""လွှတ်ထားလိုက်ပါ"
"လူငယ်လူရွယ်ပဲလေ အစ်ကိုရယ်"အမြင်၌ကြီးကျယ်ခမ်းနားပေသီသောကျွန်းစားပွဲကြီးထံမှအကျည်းတန်စကားဝိုင်းထဲခြေစုံမကန်နိုင်ဘဲငြိမ်ကုတ်လျက်ပင်သုံးဆောင်နေမိသည့်အခါ၊သူ့ကိုယ်သူ၌လည်း ဟီဆွန်းစိတ်ပျက်အားလျော့လာ၏။
စည်းအတူချိုးဖောက်မည်ကတိပေးဆွဲခေါ်ခဲ့ပြီးမှ လွှတ်ချလိုက်ရတဲ့လက်ကလေးတွေကိုသတိရစိတ်ကိုကြောင်အနေသေးသောသတ္တိအစိုင်အခဲများက လှောင်ပြောင်ချေနင်းနေပါတော့ရဲ့။
"သားဟီဆွန်းလေးပဲ နားအေးတယ်
ငယ်ငယ်ထဲကအမေကလိမ္မာရေးခြားရှိအောင်ဆုံးမထိန်းသိမ်းမှုကောင်းခဲ့တော့စိတ်ပူစရာသိပ်မလိုဘူး"
YOU ARE READING
Sour Grapes
Fanfictionချဥ်သက်သက်အချစ်မျိုးသာဆိုရင်တော့ ဆက်မြည်းစမ်းဖို့ငါဝန်လေးမှာပါ။