[၂၂]

831 90 40
                                    

"အကြိုဂုဏ်ပြုပါတယ်"

"ဒီစေ့စပ်ပွဲကနေ လက်ထပ်ပွဲအမြန်ဆုံးဖြစ်လာဖို့
ငါတို့တောင်းဆုခြွေလိုက်ပါတယ် မစ္စတာဟီဆွန်း"

"လူကြီးမင်းတို့ရဲ့ အသိအမှတ်ပြုမှုအတွက်
ကျနော်ကလည်းကျေးဇူးတင်ပါရစေ"

"နောက်လည်း အလုပ်မှာမကြာမကြာမြင်ရတော့မှာမို့တရင်းတနှီးပြောကြဆိုကြတာပေါ့"

တင့်တယ်ခမ်းနားစွာ ညံစီနေတဲ့ သံစုံတေးဝိုင်းတစ်ခုဆီက ဂီတသံတွေကို မျက်ကွယ်ပြုလို့၊ တပ်ဆင်ထားသည့် ဟန်ဆောင်မျက်နှာဖုံးကနေ မနက်တည်းက သူလှိုက်လှိုက်လှဲလှဲပြုံးရော့ ထင်ပါသည်။

တံဆိပ်မကပ်ထားသော အကျည်းတန်မှုသည် ရင်တွင်းတစ်နေရာကနေ မချိတင်ကဲဖွယ်ရာ ဆွေးမြှေ့မှုအဖြစ်ပြောင်းလဲလာကာ ထိုအဖြစ်အား 'ရှင်းမ်လုပ်ငန်း အမွေဆက်ခံသူ၏စေ့စပ်မင်္ဂလာပွဲ' ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုက ပြည်ဖုံးကားချလေသည့်တိုင် ဟီဆွန်းအဖို့ အရာရာက နတ္ထိဗလာဖြစ်နေတော့၏။

အကျွမ်းတဝင်မရှိခဲ့သော လူကုံထံအသိုင်းအဝိုင်းတွေရဲ့ နှီးနှောဖလှယ်ပွဲထဲ စိမ်းသက်သက်ဖြစ်နေသေးတဲ့ သူလိုလူ ကောလိပ်ကျောင်းသားတစ်ယောက်အနေနှင့် စိန်ခေါ်မှုတွေက သိပ်များသည်။

ခွက်ချင်းဆင့်ကဲပွတ်တိုက်ခြင်းမှ ပဲ့တင်လာသော တလက်လက်ခမ်းနားမှုက သူတစ်ကိုယ်တည်းအရောင်မဲ့ရခြင်းထံ မီးမောင်းထိုးလေသည့်နှယ်။

အရာအားလုံးထက် လစ်ဟာနေသည်က နံဘေးတွင် တစိမ့်စိမ့်ငေးကြည့်နေကြ အရိပ်ကလေးတစ်သွယ်ပျောက်ဆုံးနေခြင်းက သူ့ရင်ဝကို သွေးပွက်ပွက်ဆူစေသည်။

အရိပ်ကလေးဟာ သူတို့စေ့စပ်ပွဲသတင်းအတည်ပြုပြီးတဲ့နေ့တည်းကစလို့ စံအိမ်ထဲပြန်ကပ်လာပေမယ့် ယခုအချိန်ထိ သူ့ကိုရှောင်ဖယ်ကွေကွင်းလျက်ရှိသေးရာ၊ရံဖန်ရံခါ အသက်ရှုရုံတင် ခံနိုင်ရည်မရှိတော့သည့် နှလုံးသားက တဆစ်ဆစ်ကျင်လျက်။

အကြည့်ချင်းစုံလျှင်ပင် တွေ့စကထက်ပင် စိမ်းကားသွားသော မျက်ဝန်းသေတွေ ပြန်လည်နိုးထလာဖို့ မျှော်လင့်ချက်ကလေးတစ်ခုဖြင့် နောက်ဆုံးအနေနှင့် လှုပ်နှိုးလိုက်ပင်ငြား၊အခါသည် နှောင်းသွားခဲ့ဟန်ရှိပေလေပြီ။

Sour GrapesWhere stories live. Discover now