[၁၃]

1K 158 33
                                        

"မင်း ကျောင်းနောက်ကျတော့မယ်ထင်တယ်
ကိုယ်နဲ့လိုက်ခဲ့လို့ဖြစ်တယ်နော် ရှင်းမ်ဂျယ်"

စည်းရိုးရှေ့၌ခြေလှမ်းချချင်းမှာတင် ဆိုင်ကယ်ဦးထုပ်အပိုတစ်ခုကိုရုတ်ချည်းကမ်းလင့်လာတဲ့ လက်တွေ။

ထိုလက်တွေရဲ့ဝန်အားကိုဂျယ်ယွန်းကတွေဝေတုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ၊တွန်းထုတ်လိုက်သည်။

"ရှင်းမ်ဂျယ်"

ကတ္တရာပေါ်ကသစ်ရွက်ခြောက်တစ်ခုချင်းစီကို နင်းခြေလျက်၊လျှောက်လှမ်းနေသော ဂျယ်ယွန်းအနား ဟီဆွန်းရဲ့ဆိုင်ကယ်က ဖြေးညင်းစွာ
အလိုက်သင့်ကပ်၍ တွယ်လာသည်။

"ရှင်းမ်"

တညလုံးငိုခဲ့ရသည်မို့ လေးလံလာသော မျက်ခွံတို့က သူ ဟီဆွန်းအပေါ် ထပ်ပြီးမယိမ်းယိုင်သွားဖို့ အတန်တန်သတိပေးနေခြင်းမို့ပင်လား။

နေရောင်ခြည်နွေးနွေးထဲ ဝေ့ခနဲဖြတ်တိုက်သွားသော အသံစိုင်၏ သိမ်မွေ့နွေးထွေးမှု၌ ဂျယ်ယွန်း ထပ်မံ မပြိုလဲမိတော့ပါ။

မျှော်လင့်ချက်အလုံးစုံပျက်သုဥ်းသွားသောအခါ
လည်ပတ်နေသည့် ဆောင်းရာသီစက်ဝန်းဝယ် သူ့နှလုံးခုန်သံတို့သေဆုံးမတတ်တောင့်ခဲတော့မည့်ဆဲဆဲရှိလုပြီဖြစ်သည်။

"မင်းစိတ်ဆိုးနေတာ ကိုယ်နားလည်ပါတယ်"

"ဒါပေမယ့်လည်း
မင်းအဖေရော၊ကိုယ့်အမေရော အတူတူရှိနေကြတဲ့စားပွဲဝိုင်းတစ်ခုမှာ
ကိုကိုတို့က ပုန်ကန်နေရင်ကောင်းမလား"

"မနေ့က လုပ်ရပ်အတွက်တော့...
ကိုကိုတကယ်ပဲတောင်းပန်ပါတယ်

ရှင်းမ်ဂျယ်စိတ်ကျေနပ်ရဖို့ ဘာလုပ်ပေးရမလဲ"

"တစ်နေကုန်ဒူးထောက်နေခိုင်းလဲဖြစ်တယ်"

"ဟီဆွန်း"
"ငါအခုစိတ်ဆိုးနေတာမဟုတ်တာမို့ မင်းရဲ့အပိုစကားတွေဆက်မကြားချင်ဘူး"

"ပြီးတော့
မင်း အထာနပ်သယောင်လည်းလုပ်မနေပါနဲ့"

"ငါက ငါ့အပေါ်နားမလည်တဲ့လူတွေထက်၊
နားလည်ချင်ယောင်ဆောင်တဲ့ငနုံတွေကိုပိုရွံတယ်"

Sour GrapesWhere stories live. Discover now