[၁၁]

867 146 52
                                    

"ဒီညနေ အိမ်ကိုဆယ်ရီတို့လာလည်လိမ့်မယ်
စောစောပြန်ခဲ့ဦး "

"ဟူး"
"မေမေ့ရဲ့ အောင်သွယ်တော်ဇာတ်က
ဒီအထိသယ်လာမှ ဖြစ်မှာလား"

ယမန်ညနေအိမ်သို့ပြန်ရောက်ပြီးကတည်းက စကားအသွားအလာခွန်းတုံ့ဖို့တစေထား။

မျက်နှာပင်သေချာမမြင်ရတဲ့ကောင်လေးရဲ့အရိပ်အာဝါသလစ်လပ်နေမှုကြောင့်၊ဧည့်ခန်းထဲအလုပ်ရှုပ်နေသည့်အမေ့ကိုပင်စိတ်အလိုမကျသောလေယူလေသိမ်းဖြင့် ဟီဆွန်း ပြန်ပြောမိ၏။

ကျောင်းပိတ်ရက်ပင်မို့ ယခင်လို ဆိုင်ကယ်တစ်စီးပေါ် အတူထိုင်ကာအကြို၊အပို့အကြောင်းပြချက်နှင့်သွားရန်လည်းမရှိသည်မို့၊

အောက်ထပ်ကို နည်းနည်းလေးပင် ခြေမရွှေ့သူအား တိတ်တခိုးလှည့်ကာ လှေကားထစ်တွေဆီ ဟီဆွန်း ကြည့်မိပေါင်းလည်းမနည်းတော့ပေ။

ဂျယ်ယွန်းကသူ့ကိုတကယ်ပင်တော့ပိုကီတစ်ခွက်စာကြောင့်နှင့်တစ်ဘဝစာလုံး စကားမပြောတော့ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီများလား။

ထိတ်လန့်စိတ်ပေါင်းများစွာအလယ် ရေတိမ်နစ်သော ငါးပေါက်တစ်ကောင်သည့်နှယ်ဟီဆွန်းပြာယာခတ်နေရပေတော့သည်။

"မေမေက အောင်သွယ်တယ်ဆိုတာထက်
ဆယ်ရီလေးကလိမ္မာပါးနပ်ပြီး၊
ထက်မြက်တဲ့ကလေးမလေးမှန်းသိတယ်မို့လား

ကလေးကို မိန်းမကောင်းလေးလက်ထဲပဲ စိတ်ချလက်ချ အခြေတကျထည့်ပေးချင်တယ်

ငါ့ကလေး မအူမလည်နဲ့ တော်တော်ကြာကြာ ဆိုးတေတဲ့မိန်းကလေးမျိုးနဲ့တွေ့မှာစိုးရိမ်ရတယ်"

"ဒါပေမယ့်လည်း.."
"သား မိန်းမမယူချင်ပါဘူး"

"မယူလို့တော့ဖြစ်မလား"
"ကျမ တစ်သက်လုံးကလေးမထိန်းနိုင်ဘူးလေ"

"မေမေကလည်းဗျာ"

ပထွေးတော်ကြီး အိမ်အပြင်ထွက်လည်တုန်း ဖိုထဲဝင်ကာစိတ်ကြိုက်ခြယ်လှယ်ချက်ပြုတ်သန့်စင်ဆေး​ကြောနေသောမေမေ့လက်ထဲမှ မက်မွန်သီးတစ်လုံးကိုကောက်ယူ၏။

ထို့နောက် ခြေကိုအသွက်ဆုံးအရှိန်နှုန်းထိ မိုင်ကုန်တင်ကာ သူ့အခန်းနှင့်ကပ်ရပ်ဖြစ်သော ဂျယ်ယွန်းအခန်းလေးဆီဟီဆွန်းဦးတည်လိုက်သည်။

Sour GrapesDove le storie prendono vita. Scoprilo ora