[၂၈]

602 95 30
                                        


လူသူအရောက်အပေါက်မဲ့သော သုဿန်ပြင်၏ လေထန်ကုန်းတနေရာ၌ဖြစ်သည်။

"နောက်ကျသွားလို့ တောင်းပန်ပါတယ်မာမီ"




နွေနေအပူဆင့်ကဲခဲ့မှုကြောင့် ရင့်ရော်နွမ်းနယ်လျက်ရှိသော မြက်အိုတချို့ရံဝန်းနေတဲ့ မိခင်ဖြစ်သူရဲ့ အုတ်ဂူရှေ့မှောက် ဂျယ်ယွန်းဆောင့်ကြောင့်ထိုင်မိနေသည်မှာ တနာရီစာပင်မကတော့။


သက်ရှိထင်ရှားကျန်းမာစဥ်အခါက မာမီသဘောတကျပန်ဆင်လေ့ရှိခဲ့သော ပန်းနုရောင်ရေမွှေးနှင်းဆီတချို့ကိုမူ ဆယ်စုနှစ်တစ်ခုစာသက်တမ်းရှိပြီဖြစ်တဲ့ နားခိုရိပ်မြုံအိုလေးထက် သောင်တင်စေလိုက်သည်။



ဘာလိုလိုနှင့် ဆက်၍ရှင်သန်နေဦးမည်ဆိုပါလျှင် သူမဟာ မနေ့ကစပြီး အသက်ငါးဆယ်ပြည့်မည်ရဲ့လေ။



"လေအရမ်းတိုက်တယ်။ကိုယ်တို့ အိမ်ပြန်ကြရအောင်လေ ရှင်းမ်ဂျယ်"




မေ့လျော့ကာ တစ်ကိုယ်တည်းရှိသည်ထင်အမှတ်နှင့် တိတ်တဆိတ်ပြိုလဲနေတဲ့သူ့ပခုံးစွန်းကို ခပ်ဖွဖွဆုပ်ကိုင်လာသည့် အစ်ကိုဟီဆွန်းရဲ့လက်ဖဝါးတွေ၏ ပူနွေးမှု။

နှောင်ကြိုးများကို တွေ့ထိခံစားမိတော့၊မာမီ့ရှေ့ မငိုတော့ဘူးဟု ကြိုးစားသံဓိဋ္ဌာန်ချထားသမျှလည်း ပြိုကာပျက်လို့ အစ်ကို့ရင်ခွင်တွင် ကလေးငယ်တစ်ယောက်သကဲ့သို့ ရှိုက်ကာငင်ကာ မျက်ရည်မိုးတို့ သွန်းဖြိုးမိပြန်တော့၏။






"ကျနော်အိမ်မပြန်ချင်ဘူးအစ်ကို"

"ဒီနေ့တော့ အဲ့နေရာကိုမပြန်လို့ရမလား"

"အင်း"
"အဲ့သည့်လို လုပ်ကြတာပေါ့"

"ရှင်းမ်ဂျယ်မပါဘဲတော့ ကိုယ်လည်းအိမ်မပြန်ချင်ဘူးရယ်"






မိခင်ဖြစ်သူရဲ့အုတ်ဂူကို နှုတ်ဆက်ဦးညွှတ်ပြီးသကာလ ကားပေါ်ပြန်တက်ချိန်တွင် လောကီစက်ဝန်းတွင် နေရီတရောစ ညနေစောင်းပင်ဝင်လာပေပြီ။


အိမ်မပြန်ချင်သော သူငယ်ပျိုရဲ့စိတ်ဆန္ဒအတိုင်း ဖြည့်ဆည်းပေးရန်ရွယ်ရွယ်ကာ အစ်ကိုဟာ သူငယ်စဥ်က နေထိုင်ကျင်လည်ခဲ့ဖူးသော ရပ်ကွက်ကလေးထံသွားမည်ဖြစ်ကြောင်းတော့ ချော့မြှူပြောသည်။




Sour GrapesTempat cerita menjadi hidup. Temukan sekarang