[၂၁]

763 90 32
                                        

မိုက်သော ဥာဥ်ကို မီးမောင်းထိုး၍ ပြက်ရယ်ကျီစယ်ခနဲ့လေဟန်။

မဖွဲတဖွဲပက်ကြဲရာမှ လောကတခွင်ရဲ့ နေညိုဆည်းဆာယံသည် ဂျယ်ယွန်း ခြေစုံရပ်ရာ တံတားအစွန်း၌ အတောက်ပဆုံး နစ်မြှုပ်လာပေ၏။

အသံတိတ်ပြိုလဲနေတဲ့ ပခုံးစွန်းပေါ်က ဖြတ်သန်းအိပ်တန်းပြန်သွားသည့် ဆောင်းခိုငှက်တွေ တကျီကျီမြည်သကဲ့။

နံဘေးကိုယ်စီ ကူးလူးဖြတ်သန်းသွားတဲ့ ရောင်စုံကားတန်းတွေဆီက ညံစီသံများသည်လည်း အသံမဲ့နှလုံးအိမ်တစ်လုံးမျက်တော်ရှေ့ ဆောက်ထွင်းပမာ ထိုးနှက်လျက်။

လက်ချောင်းကြား ညှပ်လျက်ရှိသေးတဲ့ စီးကရက်စက ဘဝတစ်လျှောက်လုံး ကြုံလာရသမျှကို ဂျယ်ယွန်းထံ စာအုပ်တစ်ခုအသွင် အသိဥာဏ်ဝယ်လှန်လှောဖို့ ကူညီသည်။

ခပ် ...ဖြေး​ ဖြေး ...ချင်း။

အသုံးမဝင်တော့တဲ့ ဖင်စီခံလို အမှတ်တရအိုတို့ကို ...။

နင်းရင်း... ချေရင်း။

ခြေစုံကန်နေကြ လူဖျင်းတစ်ယောက် အနိစ္စခရီးလမ်းဆီမြန်းသွားသည်ရှိသော် ဘယ်ရင်ခွင် အရေးတယူ တကူးတကပူဆွေးပေးနေမည်များလိမ့်။

မုန်တိုင်းဆွတ်တဲ့ မိုးသက်လေတွေဝေ့ရာ ကောင်းကင်ယံဆီကလား။လမ်းမတန်းတစ်နေရာက လူထုရဲ့ အပယ်ခံ သစ်ရွက်အိုတွေသာလျှင်များဖြစ်ရော့မလား။

လမ်းဘေးတစ်နေရာက ခူးဆွတ်ခံ ကော်စမိုအကြွေအလွင့်တွေလောက်လား။

စံနှုန်းသတ်မှတ်ချက်မြင့်မားလွန်းသည့် လူ့ဘုံစည်းစိမ်တွေ ကွယ်ရာ အနာအဆာများထံသာလျှင် နွမ်းလျော့လျော့ အဖြေဟာရှိပေမည်။နားလည်နိုင်မည်။

ကောင်းမွန်စွာ ပျိုးထောင်ခွင့်မရခဲ့တဲ့မှည့်ကြွေစ စပျစ်တစ်ခိုင်သည် ချိုမြိန်ခြင်းမဲ့သည့် အရသာကိုသာ ပေးနိုင်စွမ်းရှိမှန်း အလိုအလျောက်သိသော ဆင်ခြင်တုံတရားတို့မည်သည်သကဲ့။

"ဟေး"

"အဲ့မှာပဲတညလုံးရပ်နေတော့မှာလားဒါလင်
တို့ကိုငှားလာတာ ဒီကားထဲထိုင်ရရုံသက်သက်ပဲလို့ မနောက်ကြေးနော်"

Sour GrapesWhere stories live. Discover now