[၂၅]

515 85 26
                                    


"ထင်ထားတာထက်ပိုပြီး..."

"ကောင်းကောင်းကြီးပြင်းလာခဲ့တာပဲ"


နေရောင်ခြည်အလင်းနှင့် မိုးရည်တို့၏အားဖြည့်မှုကို လောက်ငှစွာမရရှိလေတိုင် ရုံးခန်းထဲက ထောင့်တနေရာရဲ့ ခပ်ကျဥ်းကျဥ်းမြေအိုးလေးထဲ ပွင့်လန်းလာသော အဖြူရောင် နှင်းဆီပျိုးနှစ်ပွင့်။

ပက်ကြားအက် မြေဆီလွှာကြားက ထိုးထွက်လာတဲ့ပန်းသည်ပင်လျှင် ကမ္ဘာမြေနှင့်အံတုကာ ငွားငွားစွင့်စွင့် သန်စွမ်းလာလင့်ကစား။




လူ့ဘဝစိတ်ပိုင်းဆိုင်ရာ အခြေခံထောက်တိုင်ဖြစ်သော မိသားစုနှင့်ဆက်နွယ်ရေးပေါင်းကူးတံတားတွင် ကွက်လပ်များစွာအက်ကွဲ​ကြောင်းထင်းခဲ့ပြီးသား ကလေးငယ်တစ်ယောက်၏ ကြီးပြင်းခြင်းအဖို့တော့ ထိုပန်းတို့မျှပင် အလှပဆုံးအံမတုနိုင်ခဲ့ပေ...။



"မာမီ့သားက ပန်းကိုတောင် မနာလိုရတာတော့ မဖြစ်သေးဘူးဟုတ်စ..."


ဂျယ်ယွန်း ငေး၍ ငိုင်လျက်ဆဲမှာပင် စားပွဲစွန်း၌ အပယ်ခံဘဝရောက်နေရှာသော ဖုန်းမျက်နှာပြင်ပေါ်က သတင်းတစ်ပုဒ်ထံ ပြန်လည်စွေ့ကြည့်မိသည်။


'ဒိတ်ဒိတ်ကြဲအပြိုင်ထိပ်တန်းကုမ္ပဏီကြီးနှစ်ခုရဲ့ မင်္ဂလာပွဲ'


ကြီးကျယ်မြင့်မြတ်သော စီးပွားရေးထိပ်သီးပိုင်းလုပ်ငန်းနှစ်ခုရဲ့ ကန့်လန့်ကာ ကွယ်ရာက အကျည်းတန် အကျဥ်းချုံးမင်္ဂလာပွဲ။


သို့မဟုတ်...ငမိုက်သာသာ လူ့အမှိုက်တွေကို ပြည်ဖုံးကားချထားတဲ့ အသံတိတ် စီးပွားရေးသမားချင်း ဆက်နွယ်မှု။


လူမှုကွန်ယက်စာမျက်နှာထက် တစ်ပတ်တာဂယက်ထပြီးချိန်မှာ ယခင်အတိုင်းပြန်လည်ငြိမ်ချက်သားကျနေပေမယ့် ကုမ္ပဏီနှစ်ခုရဲ့ လက်တွေ့ရပ်ဝန်းမှာတော့ စစ်တလင်းပြင်သဖွယ်။



ကောလဟာလကို သတ်နိုင်သည်က ဖြေရှင်းချက်မဟုတ်ဘဲ တန်ပြန်ကောလဟာလသာလျှင်ဖြစ်နေသည့်အလား မျိုးစုံထွေလီသော ထင်ကြေးပေါင်းစုံကြား အမှန်တရားတချို့ဟာ ယုန်သူငယ်လိုလမ်းပျောက်နေခဲ့ရတယ်။


Sour GrapesWhere stories live. Discover now