"ဒီနေ့ကစပြီး ဒီနေရာတစ်ခုလုံးကို
နည်းနည်းချင်းစီ ပြင်ကြည့်ကြတာပေါ့""နေပါဦး
ကျနော့်အခန်းက ဘာတွေများဖြစ်နေလို့လဲ"ပြတင်းနှင့် ထိစပ်လုနီးနီး ကပ်လွန်းသည့် စားပွဲခုံအိုပေါ် Croton(ရွက်လှပန်း)များ စီရရီထည့်ထားတဲ့ ပန်းအိုးတစ်လုံး တင်နေသော ဟီဆွန်းရဲ့ လက်နှစ်ဖက်အား ဂျယ်ယွန်းက ရုတ်ချည်းပင် ဟန့်တားလိုက်၏။
တိုးဝင်လာသော နေ့အလင်းတန်းတွေအား မေးတင်စေထားတဲ့ အစ်ကို့မျက်နှာဟာ ခါတိုင်းထက်ပင် လင်းလုနေသည့်သယောင်။
"ဘာမှတော့မဖြစ်ပါဘူး"
"ကိုယ်က ရှင်းဂျယ်ရဲ့အမှောင်တချို့ကို နည်းနည်းလောက် ပိုလင်းစေချင်မိရုံပါ"
နားဖျားစပ်တစ်ဝိုက် တွဲလဲခိုနေတဲ့ဆံနွယ်ညိုတစ်စုကို အစ်ကိုက သူ့လက်ချောင်းလေးတွေနှင့် သပ်တင်ပေးလာသည်။
သာမန်ကာလျှံကာ အပြုအမူတွေမှာအစ အစ်ကို သူ့အတွက်ရည်ရွယ်ကာ သိမ်မွေ့တဲ့အခါ ဂျယ်ယွန်းအဖို့တော့ တစ်ခါတလေ အချိန်ယန္တရားပင် ရပ်တန့်ထားစေလိုတဲ့ လောဘလေးတစ်မျှင် နွယ်ချင်ရပေပြီ။
ရောင်စုံ နူးညံ့ပေသီသော သည်နွေးထွေးမှုတွေထဲ ကျင်လည်ရသည်ကို သူပျော်မွေ့တတ်လာသည့်ပုံ။
ထို့ကြောင့်လည်း လိုအင်များက ဆင့်ကဲ၏။
ညမိုးချုပ်တိုင်းမှာ သူအိပ်နေသည်အမှတ်ဖြင့် ခိုးခိုးပျိုးတတ်သော အစ်ကို့အကြင်နာအနမ်းတွေနှင့် အဝေးဆုံးသို့ ခရီးမနှင်ချင်တော့။
နံနက်မိုးသောက်စင်စင်လင်းတိုင်းမှာ အသက်ဝင်တတ်သော စားပွဲဝိုင်းရှေ့မှောက်က အစ်ကို့အပြုံးတွေသာ အသက်မဲ့သွားခဲ့လျှင်တော့၊ သူ့ဘဝက ယခင်ကထက်ပင် သေဆုံးသွားဖို့ရာသာ ရှိပေလိမ့်မည်။
အစ်ကိုကသာ သူရှေ့ဆက်ရမည့် သေရေး၊ရှင်ရေးကို ခွဲခြမ်းစိတ်ဖြာ စေလိုရာမိန့်နိုင်စွမ်းရှိသူမဟုတ်လိမ့်။
"ရှင်းမ်ဂျယ်
မင်းစာအုပ်စင်ကလဲ ဖုန်တွေပေရေနေတာပဲ
စာလည်း တစ်လုံးမှလုပ်ထားပုံမရဘူး"
YOU ARE READING
Sour Grapes
Fanfictionချဥ်သက်သက်အချစ်မျိုးသာဆိုရင်တော့ ဆက်မြည်းစမ်းဖို့ငါဝန်လေးမှာပါ။