"တောင်းပန်ပါတယ်ဋ္ဌာနမှူးရှင်းမ်။
ကျမ နမော်နမဲ့နဲ့သတိလက်လွတ်ဖြစ်ပြီး...""ပြဿနာမရှိပါဘူး"
"ကျနော်လည်း အခုအိမ်ပြန်ပြီးနားမှာမို့"မတော်တဆတိုက်မိခဲ့ရာမှ အချိုရည်တချို့ပေစင်သွားတဲ့ အဖြူရောင်ရှပ်အင်္ကျီပေါ်က အစွန်းအထင်းကွက်ထံ ဂျယ်ယွန်းငုံ့ကြည့်တုန်းမှာပင် မျက်စိရှေ့ ဘယ်တုန်းတည်းက ပွင့်ဟထားမှန်းမသိလေသော ဓာတ်လှေကားတံခါးတစ်ဖက်ခြမ်းက အစ်ကို့ရဲ့ဖြစ်တည်ခြင်း။
ခါတိုင်းနေ့တွေလိုပင် လက်အောက်ငယ်သားတစ်ယောက်လို အရိုအကျိုးပြုတော့၊အစ်ကိုက အနည်းငယ်လေးပင် ဟန်ဆောင်ပန်ဆောင် ဦးညွှတ်မလာခဲ့ပေ။
ဂျယ်ယွန်းစိတ်ထင့်နေသည်များလား။
တွန့်ကွေးနေတဲ့ မျက်ခုံးတန်းတွေရဲ့ ညွှတ်ချိုးမှုမှာ ငြူစူရိပ်သန်းရလေကား မြင်သူပင်လျှင် ကျောချမ်းမတတ် တုန်လှုပ်မိသွားရစရာ မာန်ထောင်နေတော့တာ။
"မဝင်ဘူးလား ဋ္ဌာနမှူးရှင်းမ်"
"ဟုတ်။ကျနော်... "
ဓာတ်လှေကားအတွင်း ဂျယ်ယွန်းမရောက်ရောက်အောင် လက်ကောက်ဝတ်ကနေ ဆွဲကာငင်ကာဖြင့် ရုန်းရင်းဆန်ခတ်နေတဲ့ အပြုအမူများဟာ အစ်ကို့ဆီမှာ ပုံမှန်တွေ့မြင်နေကြ လူကြီးလူကောင်းတစ်ယောက်ရဲ့ အင်္ဂါလက္ခဏာတို့နှင့်ပင် လားလားမျှမသက်ဆိုင်တော့ချေ။
အနားတွင် သူတို့နှစ်ယောက်ကလွဲ၍ မည်သူမှမရှိမှန်း တပ်အပ်စစ်ဆေးဝေ့လည်ကြည့်ပြီးချိန်မှာတော့ အစ်ကိုဟီဆွန်းက သူရပ်ရာရှေ့ရပ်လို့ ချောင်ပိတ်စေလာတော့သည်။
အစ်ကို ဒီနေ့သိပ်ပြီးရဲတင်းပြလွန်းနေသကောလား။ကုမ္ပဏီနယ်မြေဧရိယာရောက်တိုင်း စည်းသိပ်စောင့်လွန်းနေကြ အသရေရှိလူကြီးတစ်ယောက်ရဲ့ အပြုအမူတွေအကုန်လုံး ရုံးခန်းထဲ ခဝါချခဲ့လေသလား။
"အင်္ကျီပေါ်မှာ ဒီလောက်ကြီးစွန်းအောင်လုပ်သွားခဲ့တဲ့သူကို တချက်ကလေးမှအပြစ်မတင်တဲ့အပြင် ပြုံးပြုံးလေး တရင်းတနှီးစကားပြောနေကြပုံထောက်တော့...."
![](https://img.wattpad.com/cover/324984907-288-k497600.jpg)