"နိုးပြီလား "
တံခါးမှထွက်စပြုချင်းတင် အခန်းအဝင်ကနေ ကာဆီး၍ ပိတ်ရပ်ထားတဲ့ အရိပ်ထံမှ လက်ဖျားတို့က ဂျယ်ယွန်းရဲ့ နူးညံ့အိထွေးသော ဆံနွယ်လုံးတွေထဲ မွှေနှောက်မင်းမူ၏။
မစိမ်းသက်တော့သော အပြုအမူများက ဒီထက်ပိုပြီး မနီးစပ်ချင်တဲ့ စိတ်ဆန္ဒများကို ဆောင်ယူလာသည့်နှယ်။
လက်လွတ်စပယ်ဆန်တဲ့ အခိုက်အတန့်၌ပင် တစထက်တစလေးနက်ချင်သော ခံစားချက်များကို သတိထားမိလာလေ၊
နွေးထွေးမြဲဖြစ်သော အပြုံးတို့ရဲ့ ကန့်လန့်ကာကိုသာ ဂျယ်ယွန်း လိုက်ရှာရလေတော့သည်။
လုံအောင်ပုန်းရုံ ဖြစ်လျှင်ဖြစ်မည်။
အဝေးဆုံးအထိ ခရီးနှင်ကာ ဇာတ်မြှုပ်ဖို့အထိလည်း ဖြစ်ချင်ဖြစ်သွားနိုင်ပေလိမ့်မည်။
"အိပ်ပုပ်လေး"
"ဆံပင်တွေလည်း ပွတူးလန်နေချက်ကွာ""မင်းပဲ ဒိုင်ခံဖွနေတာလေ အီဟီဆွန်းရဲ့"
"ကျေးဇူးပြုပြီး ကိုယ့်ကိုအဲ့လိုကြီးမခေါ်ပါနဲ့
ရှင်းမ်ဂျယ် ငရဲမကြောက်ဘူးလား"ပုန်းကွယ်ဖို့သာ စိတ်အားထက်သန်တဲ့ ကလေးငယ်ရဲ့ ဆံကောက်လှိုင်းကလေးများက ညင်သာသိမ်မွေ့သည့် လက်ဖျားတွေရှေ့ ငြိမ်ဝပ်ပိပြားလာ၏။
မျက်နှာကြက်များကြားမှ ထွင်းဖောက်၍ ဆင်းသက်လာသည့် နေရောင်ခြည်နုနုတွေအလယ် ဖြာလင်းနေတဲ့ မျက်တောင်စိတ်ကလေးတွေကို ဂျယ်ယွန်း တစိမ့်စိမ့်ငေးမိခြင်းပင်တည်း။
"ကြောက်စရာလိုသေးတယ်လား
အီဟီဆွန်းကိုယ်တိုင်ကကို ကျနော့်ငရဲလေ""ရှင်းမ်ဂျယ် ခေါင်းစဥ်အလွယ်တပ်လွန်းတာပဲ။
ငရဲအစစ်က ဘယ်လိုအရသာမှန်း ကိုကို မင်းကိုလမ်းပြရမလား"နားရွက်ဖျားအနား တိုးဝှေ့သော လေညင်းသဲ့သဲ့က လူတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထကြွဖို့ လုံလောက်မည်ရဲ့။
ဇောချွေးတို့ဖြင့် စိုအိုက်လာတဲ့ ခေါင်းတစ်ခုလုံးမှာ ပူထူချင်၏။
အသည်းပုံ နှုတ်ခမ်းဖူးအနား ထိစပ်လုနီးနီး ကြွေကျချင်လာတဲ့ သလဲသီးတစ်လုံးအား၊
ဆန့်ထုတ်လိုက်သော လက်တံတို့ဖြင့် အချိန်မီ ဟန့်တားလိုက်ရသေးသည်မို့။
![](https://img.wattpad.com/cover/324984907-288-k497600.jpg)
YOU ARE READING
Sour Grapes
Fanfictionချဥ်သက်သက်အချစ်မျိုးသာဆိုရင်တော့ ဆက်မြည်းစမ်းဖို့ငါဝန်လေးမှာပါ။