လူသူဖြတ်သွားဖြတ်လာများသောစင်္ကြံလမ်း၌ကျီးကန်းတောင်းမှောက်မတတ်ဂျယ်ယွန်းတစ်ကိုယ်တည်းငေးနေ၏။
လှိုင်းတံပိုးထသလို လှုပ်ခတ်နေတဲ့ စိတ်အစဥ်သည်
ဂိတ်တံခါးဆီ ရစ်သီစွာမြဲရပေပြီ။ကျောင်းဆင်းချိန် အတော်လေးပင်လွန်သည့်တိုင်၊ ပေါ်မလာသူရဲ့အရိပ်ကိုလိုက်ရှာမိ၍မပြတ်တော့။
နံနက်တုန်းက ခြွေမိခဲ့တဲ့တောင်းဆုပြည့်ဝပြီမို့ စိတ်အေးသယောင်ရှိပင်မယ့်၊ လစ်ဟာလာသော ခံစားမှုဝဲဂယက်ထဲ ဂျယ်ယွန်းယောင်လည်၏။
နှစ်ဆပျိုးလာသော မချိတင်ကဲစိတ်တို့ကြားကနေ ထင်းရှုးပင်အိုတွေအလွန်က နေဝင်ဆည်းဆာကို ဂျယ်ယွန်း ငေးကာမောလိုက်သည်။
ယခုအချိန်မှာမည်သို့ပင်ဟီဆွန်းအရိပ်ကိုသွေဖီနိုင်ပါစေမူ၊အိမ်ပြန်ရောက်သည်နှင့်ပက်ပင်းတိုးရမည်မဟုတ်လိမ့်။
"ဟေး"
"မင်းအိမ်မပြန်သေးဘူးလား"နားစည်ထဲထိ စူးစိုက်၍ထွင်းဖောက်လာသော အသံစိုင်လားရာထံ ဂျယ်ယွန်းလှည့်ကြည့်၏။
မည်သူကမျှအနားတိုးထိုင်ချင်စိတ်မရှိကြသော
သူ့နံဘေးနား တိုးဝင်ခဲ့တဲ့ ဆောင်းဟွန်းဆိုသူပင် ဖြစ်နေရဲ့။"မင်းအိမ်က ဘယ်ဘက်လဲ"
"မဝေးရင် အတူတူပြန်ကြမလား"ဆင်စွယ်ရောင်လျှပ်စစ်စက်ဘီးကိုတွန်းကာ၊ငူငိုင်စွာခြေစုံရပ်နေတဲ့ဂျယ်ယွန်းအနားသို့ဆောင်းဟွန်းလှမ်းလာသည်။
တဖွဲနှဖွဲကျဆင်းလာသော နှင်းမှုန်တို့အလယ်၊ နဂိုဖွေးဖြူသော ဆောင်းဟွန်းမျက်နှာစိုင်မှာ ဆောင်းလေတိုက်စားမှုကြောင့် ပိုကာနီးမြန်းလုပြီ။
"sorry ဆောင်းဟွန်း
ငါဘယ်သူနဲ့မှအိမ်မပြန်တာမို့မင်းဘာသာပြန်""လာလိမ်မနေပါနဲ့"
"တနေ့ညနေက မင်း ကျောင်းတံခါးဝကနေ ကောင်လေးတစ်ယောက်နဲ့ပြန်တာတွေ့သား""မင်း...ငါ့ကို stalkနေတာလား"
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ
ငါက အမှတ်မထင်လှမ်းတွေ့လိုက်ရုံပါ"
KAMU SEDANG MEMBACA
Sour Grapes
Fiksi Penggemarချဥ်သက်သက်အချစ်မျိုးသာဆိုရင်တော့ ဆက်မြည်းစမ်းဖို့ငါဝန်လေးမှာပါ။