Ep 4

1.7K 134 16
                                    

Uni

ညကရန်ဖြစ်ထားတာကြောင့် သူတို့တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ဖြစ်ကြ။ သက္ကမြတ်ဇာမ်က သွင်ခေတ္တရာကို အရင်ချိန်တွေတုန်းကလဲ ဂရုစိုက်
ပြီး လိုက်ကြည့်မနေတတ်ပါ။ သွင်ကသာ သက္ကကို အရိပ်တကြည့်ကြည့် လိုက်ကြည့်နေတတ်သည်။

ဒီနေ့ သက္ကမြတ်ဇာတ် ရိုက်ကူးရေးချိန်တွေ ပြည့်နေ
တာကြောင့် စောစောထလိုက်သည်။ သူနည်းတူ သွင်
ခေတ္တရာကလဲ အစောကြီးနိုးနေပြီး ထမင်းစား စားပွဲရဲ့ ထိပ်ဆုံးခုံတွင် ထိုင်ကာ သတင်းစာဖတ်ရင်း မနက်
စာစားနေသည်။

သွင်ခေတ္တရာနှင့် မျက်နှာချင်းဆိုင် ဆန့်ကျင်ဘက် စားပွဲထိပ်တွင် သက္ကဝင်ထိုင်လိုက်သည်။ခဏအကြာ
အိမ်တော်ထိန်းက သူ့ရှေ့က ကော်ဖီခွက်ထဲ ကော်ဖီထည့်ပေးသည်။ အရင်နေ့တွေက နှစ်အတူမနက်စာစား
ဖြစ်ရင် ကော်ဖီထည့်တာကအစ လက်သုတ်ပဝါပြင်ပေးသည်အဆုံး သွင်ခေတ္တရာက လုပ်ပေးသည်။သူစိတ်ကြည်သည့် နေတွေမှာသာ အိမ်တော်ထိန်းက လုပ်ပေးရသည်။

သွင်ခေတ္တရာ ဖတ်နေသည့်သတင်းစာကို ဘေးချပြီး
စာကြည့်မျက်မှန်ကို လက်ညှိုးနဲ့ ပင့်တင်လိုက်ကာ မျက်နှာချင်းဆိုင်က သက္ကမြတ်ဇာမ်ကိုကြည့်ပြီး။

"မင်းရဲ့ ညနေအချိန်ဇယားတွေ အကုန်ဖျက်ထားလိုက်"

"ဘာလို့ဖျက်ရမှာလဲ"

ကော်ဖီသောက်ရင်း မှန်တံခါးအပြင်ဘက်က ပန်းပင်တွေကို ငေးကြည့်နေသည့် သက္ကမြတ်ဇာမ်က သွင်ခေတ္တရာကို ပြန်ကြည့်ပြီးမေးလိုက်သည်။

"ငါကဖျက်ဆို ဖျက်ထားလိုက် ဘာမှ
အထွန့်တက်မနေနဲ့"

"...."

"ညနေ ငါ့မိတ်ဆွေတစ်ယောက်ရဲ့ Partyရှိတယ်
မင်းပါတူတူလိုက်ရမယ် စောစောပြန်ခဲ့"

"ပြန်မလာတော့ရော"

"ပြန်မလာလဲရပါတယ် ကိစ္စမရှိပါဘူး
နောက်နေ့ မင်းပုံနဲ့ သတင်းစာတိုင်းရဲ့
ခေါင်းစီးပိုင်းမှာ စိတ်ဝင်စားစရာသတင်းလေး
တစ်ခု တွေ့ရတာပေါ့"

The Kite(ongoing)Where stories live. Discover now