Ep 20

1.2K 126 4
                                    

Uni

မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်ကနေ တဆင့် လိုက်ကာကို ထိုးဖောက်ကာ ကုတင်ပေါ်တွင်အိပ်
နေသည့် ထွဋ်ဦးယံ မျက်နှာပေါ်သို့ ဖြာကျလာလေသည်။ ပူလွန်းသည့် နေ၏အလင်းတန်းကြောင့် ထွဋ်ဦးယံ၏ မျက်ခုံးတွေ စုကြုံ့သွားသည်။ ထွဋ်ဦးယံ၏
ဘေးတွင် လွှမ်းခေတ္တရာက ကျောပေးလျက် အိပ်နေ ၏။ ထွဋ်ဦးယံ သူ့မျက်နှာပေါ်သို့ ကျရောက်လာတဲ့
နေရောင်ခြည်ကို လက်ဖြင့်ကာလိုက်ပြီး အားယူကာ
ထလိုက်သည်။

ထွဋ်ဦးယံနိုးတော့ နံဘေးတွင် အိပ်နေသည့် လွှမ်းခေတ္တရာကို မြင်လိုက်ရသည်။ သူတို့ပြန်တွဲတာ သုံး
ရက်သာ ရှိသေးသည်။ အိပ်နေရာကနေ ထလိုက်ပြီး
ရေချိုးခန်းထဲကို ဝင်ကာ မျက်နှာသစ် ၊ သွားတိုက် လုပ်လိုက်သည်။

ကိုကိုက သူ့ကို ဟိုတယ်မှာသာနေစေသည် သို့ပေမယ့်
ထွဋ်ဦးယံက လွှမ်းခေတ္တရာ အိမ်တွင် မရမက နေလေ
သည်။ ဒီရက်ပိုင်း သွင့်ဆီဖုန်းဆက်သော်လဲ သူငယ် ချင်းဖြစ်သူက ဖုန်းမကိုင်ပေ။

ထွဋ်ဦးယံ အင်္ကျီလဲနေရင်း ကုတင်ပေါ်က လွှမ်းခေတ္တရာ လှုပ်ရွလာသည်ကို သတိထားမိလိုက်သည်။ အင်္ကျီကြယ်သီးတပ်နေရင်းက ။

"ကိုကို နိုးရင် ထတော့ ။ ကိုကို့အိမ်က ဘာမှလဲမရှိဘူး။  ကျွန်တော် ဗိုက်ဆာနေပြီ။ "

"မင်းမှာ ခြေထောက်မပါဘူးလား ။ အပြင်မှာသွား
ဝယ်စားလေ ။ "

လွှမ်းခေတ္တရာက ကုတင်ပေါ်ကနေမထ မျက်လုံးလည်း မဖွင့်ပဲ ပြောသည်။ ထွဋ်ဦးယံ စိတ်ကို အတတ်
နိုင်ဆုံးထိန်းထားလိုက်ပြီး လွှမ်းခေတ္တရာအိပ်နေသည့်
ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး မျက်နှာငယ်လေးဖြင့်။

"ကိုကိုနဲ့ ကျွန်တော်က ရည်းစားတွေလေ အဲ့လိုပြောတော့ ဝမ်းနည်းတာပေါ့။ "

"ဝမ်းနည်းလဲ မတတ်နိုင်ဘူး ။ "

လွှမ်းခေတ္တရာ၏ စကားကြောင့် ထွဋ်ဦးယံမှာ မျက် နှာပျက်သွားရသည်။ ကုတင်ပေါ်ကနေ  ထလိုက်ပြီး
အိမ်အောက်သို့ ဆင်းလာလိုက်သည်။ မီးဖိုချောင်ထဲ
ဝင်ပြီးတော့ ဘာတွေရှိလဲ ရှာဖွေကာ ကြည့်လိုက်သည်။

The Kite(ongoing)Where stories live. Discover now