Ep 43

1.2K 68 12
                                    


သက္ကမြတ်ဇာမ် နိုးလာတော့ ဘေးတွင် နေရာလွတ်ကြီးဖြစ်နေ၏။ ကိုကိုက အဲပြင်သစ်ကောင်ကိုစောစောစီးစီး လေယာဥ်ပေါ်ထိလိုက်ပို့တယ်ထင်ပါရဲ့။ ကိုကိုနဲ့ ထွဋ်ဦးယံက ပြင်သစ်ကောင်ကိုဆိုဂရုစိုက်တာ လွန်ပါရော ။အန်ကယ်လေးအမြင်ကပ်တာလည်းမပြောနဲ့ ဟိုကောင်က မြင်တာနဲ့ပြေးရိုက်ချင်စရာကောင်း၏။

သက္ကမြတ်ဇာမ် စောင်ကိုဖယ်ချလိုက်ပြီး အကြောဆန့်လိုက်သည်။ ခြေတံလက်တံရှည်တို့ထံမှ အသံတွေထွက်လာသည်မှာ horror movie ထဲရောက်သွားသလိုပင်။ ကုတင်ပေါ်ကနေ ထလိုက်ပြီး ရေချိုးခန်းစီသို့ သွားလိုက်သည်။ ရေပန်းအောက်သို့ဝင်ကာ ခေါင်းပါတစ်ခါတည်း လျှော်လိုက်သည်။

သူမနက်ခင်းပိုင်း ရှူတင်ရှိသည်။ ညကနှိုးစက်ပေးထားသော်လည်း သူကနှိုးစက်ထက်အရင် နိုးလာလေသည်။ ရေချိုးပြီးတော့ အဝတ်အစားကို ပေါ့ပေါ့ပါးပါး ဆွယ်တာအပါးလေးတစ်ထည်နဲ့ ဘောင်းဘီရှည်လေးဝတ်ထားလိုက်သည်။ ကျန်တာကိုတော့ ရှုတင်ရောက်မှ လဲလိုက်မည်။

ခေါင်းကိုရေပြောင်အောင် dryer နဲ့မှုတ်ပြီးတော့ အာက်ထပ်သို့ ဆင်းလိုက်သည်။ လက်တွင်ပတ်ထားသော နာရီကိုကြည့်လိုက်တော့ ၈နာရီခွဲတော့မည် ။သူ့ရှုတင်က ၉နာရီမှ ဖြစ်သည်။ မနက်စာစားချိန်တော့ရသေးသည်။

ထမင်းစားစားပွဲ၏ ထိပ်တွင် ကိုကို့ဦးလေး လွှမ်းခေတ္တရာထိုင်နေသည်။ သက္ကပြုံးပြပြီး ဝင်ထိုင်လိုက်သည် ။ မနက်စာကတော့ ရိုးရှင်း၏။ ရွှေတောင်ခေါက်ဆွဲတဲ့လေ ။ ကိုကိုက ရွေတောင်ခေါက်ဆွဲသိပ်ကြိုက်သည်။ အသက်အရွယ်ရလာတော့ အစားအသောက်ဆင်ခြင်ရန် သတိပေးသော်လည်းပမြဲနားမထောင် ပြီးရင်သူပဲ ခေါင်းမူးတယ် သွေးတိုးတယ်နဲ့ ညည်းညူးသေးသည်။

"သွင်မရှိဘူး ဟိုကောင့်ကို လိုက်ပို့ကြတယ်"

"ကျွန်တော်သိပါတယ်"

"အမှိုက်တစ်ထုပ်တော့ရှင်းသွားပြီ အင်း "

လွှမ်းခေတ္တရာက သက္ကကိုကြည့်ကာ မျက်ခုံးပင့်လျက်ပြောသည်။ သက္ကနားမလည်သလို ပြန်ကြည့်လိုက်သည်။ထို့နောက် ဘာမှမပြောဖြစ်တော့ပဲ တိတ်ဆိတ်သွားကြသည်။

The Kite(ongoing)Where stories live. Discover now