Ep 16

1.2K 111 10
                                    

Uni

လွန်ခဲ့သောအတိတ်တွေဆီသို့။

စီပွားရေးလောကရဲ့ ဘုရင်လို့တောင် ခေါ်ဝေါ်ပြော
ဆိုကြသည့် ဦးမြတ်ဇာမ်တွင် သားသမီးသုံးယောက်
ရှိသည်။ ဦးမြတ်ဇာမ်ရှာဖွေထားသမျှ ထိုင်ဖြုန်းနေသည့် သားနဲ့သမီးရှိပြီး အငယ်ဆုံးသား သက်ဇာမ်က ကျေးလတ်က အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျကာ မိဘလုပ်ငန်းတွေကို ဝိုင်းကူလုပ်ပေးသည်။

ဦးမြတ်ဇာမ် ဆုံးပါးသွားတော့ သူပိုင်ဆိုင်သမျှ အမွေတွေ အကုန်လုံးကို သူ၏သားအငယ်ဆုံး ဖြစ်သော
သက်ဇာမ်ထံသို့ လွှဲပြောင်းပေးခဲ့သည်။ အကြီးတွေကို ေနရာမပေးပဲ အငယ်ဆုံးကိုသာ ပုံအော်ပေးခဲ့သည်ကြောင့် ဆွေမျိုးအသိုင်းဝိုင်းများနှင့် ကျန်သား
သမီးနှစ်ယောက်က မကျေနပ်ပေ။

ဦးသက်ဇာမ်တွင် မဒီမြတ်ဇာမ်နဲ့  သက္ကမြတ်ဇာမ်
ဆိုသည့် ကလေးနှစ်ယောက်ရှိသည်။ အမွေဥစ္စာတွေ
ပေါများသော်လဲ ကျန်းမာရေးကံကမကောင်းကာ သက္ကမြတ်ဇာမ်တို့ မောင်နှမ ဆယ်ကျော်သက်အရွယ် မရောက်ခင်ပင် တိမ်းပါးသွားသည်။

အိမ်ထောင်ဦးစီးဦးသက်ဇာမ်မရှိတော့ ကျန်ရစ်ခဲ့သူ
တွေက ပိုင်ဆိုင်သမျှတွေအကုန် ကိတ်မုန့်ဖဲ့သလို တစ်
ယောက် တစ်ပိုင်းခွဲယူကြသည်။

ဦးသက်ဇာမ်ဆုံးပြီး သုံးနှစ်အကြာ သူ့ဇနီးပါ ဆုံးပါး
သွားခဲ့သည် ။ မဒီမြတ်ဇာမ်နဲ့  သက္ကမြတ်ဇာမ်တို့မောင်နှမ ဦးလေးတွေ အဒေါ်တွေဆီမှာ နေပြီး မဒီမြတ်ဇာမ် ဆယ်တန်းအောင်တဲ့ အခါမှာ မောင်နှမနှစ်
ယောက် ဘယ်သူ့အကူအညီကိုမှ မယူပဲ ကိုယ်လွတ်
ရုန်းခဲ့ကြသည်။

နေသားမကျသေးတဲ့ ရပ်ကွက်ငယ်လေးက သူတို့
အတွက် အဆင်မပြေပေ။ မဒီမြတ်ဇာမ်အသက်
၁၉နှစ် သက္ကမြတ်ဇာမ်အသက် ၁၈နှစ် ။ မဒီအဝေး
သင်သာတက်ပြီး အလုပ်ရှာသည်။

Loe grey Group အတွင်းရေးမှူးအသစ်ခေါ်စာ
ကြောင့် သတင်းစာလေးကို ကိုင်ကာ သွားခဲ့မိသည်။

"သက္က ဒီနေ့မမ အင်တာဗျူးသွားဖြေမှာမို့ ဘာမ
မချက်ခဲ့တော့ဘူးကွယ် ။ အဆင်ပြေသလိုသာကြည့်
စားလိုက် စားပွဲပေါ်မှာ ပိုက်ဆံသုံးထောင်ရှိတယ်။"

The Kite(ongoing)Where stories live. Discover now