Ep 11

1.3K 148 20
                                    


Uni

"ကိုခန့်  ကျွန်တော်တို့ လေဆိပ်ကနေ ဟိုတယ်ကို
သွားမှာမလား ။"

သက္က ဘေးခုံက သူ့မန်နေဂျာ ခန့်သက်နှောင်ကိုမေး
လိုက်သည်။ VIPတန်း ဖြစ်တာကြောင့် ခုံတစ်ခုံနှင့်
တစ်ခုံကြားတွင် လျှောက်လမ်းရှိသည်။ စကားသံ
ကျယ်လျှင် ဘေးလူတွေ အနှောက်အယှက်ဖြစ်မည်
စိုးတာကြောင့်  ခန္ဓာကိုယ်ကို အနည်းငယ်ကြွကာ
ကိုခန့်နား တိုးပြီးမေးရသည်။ အားလုံးက ပိုက်ဆံ
ပေးပြီးစီးကြတာဆိုပေမယ့် ယဥ်ကျေးမှုတွေ ၊ အဆင့်အတန်းတွေကရှိသေးသည်။

"ဟုတ်တယ်လေ ။ Marina Bay Sandsမှာ
အခန်းစီစဥ်ထားတယ် ။  "

" Concert က သန်ဘက်ခါမှမလား။ ဒီကြားထဲ
ဘာလုပ်စရာရှိလို့လဲ ။ "

"မနက်ဖြန် ကြော်ငြာတစ်ခုရိုက်စရာရှိတယ် ။ ပြီး
တော့  Concert ကသုံးရက်ဖျော်ဖြေရမယ်ဆိုတာ
သိတယ်မလား။ "

"အဲ့တာလောက်တော့ ကျွန်တော်သိပါတယ် ။
မနက်ဖြန် ကြော်ငြာတစ်ခုရိုက်ပြီးရင် ပြီးပြီလား။ "

"မဟုတ်ဘူးလေ သက္ကရဲ့  အစ်ကိုပြောတာ ဆုံး
အောင်နားထောင်မှပေါ့ ။ မနက်ဖြန် ကြော်ငြာတစ်ခု
ရိုက်စရာရှိတယ် ။ အဲ့တာပြီးရင် Brandတစ်ခုမိတ်
ဆက်ပွဲတက်ရမယ် ။ "

"အချိန်ဇယားသာပြလိုက်တော့ ကျွန်တော့်ဟာ
ကျွန်တော် အေးဆေးကြည့်လိုက်မယ်။"

ခန့်သက်နှောင်က အိတ်ထဲတွင်ရှိသော Ipadကို ထုတ်
ကာ သက္ကထံသို့ ပေးလိုက်သည်။သက္က ကိုခန့်ဆီမှ Ipadကို လက်လွှဲယူလိုက်ပြီး ကြည့်လိုက်တော့ တစ်ပတ်တာ ၇ရက်၏ အချိန်ဇယားက ဘာမှမယ်မယ်ရာရာမရှိ။တစ်ရက်ကို အသေးအဖွဲပွဲတက်စရာလေးတွေ
ကြော်ငြာရိုက်စရာအနည်းငယ်ရယ်ပဲရှိသည်။

"အလုပ်နည်းနည်းလေးကို ဘာလို့အချိန်တွေ
အများကြီးယူထားရတာလဲ ။ ဒီခရီးက လေးရက်
လောက်နဲ့ အစဥ်ပြေတာကို ။ "

"အဲ့တာက Bossစီစဥ်ပေးထားတာ ကိုခန့်မှာ
လုပ်ပိုင်ခွင့်မရှိဘူးလေ ။ "

"အရာရာ သူ့သဘောကြည့်ပဲ ထားပါတော့
ထားပါတော့။"

သက္ကမြတ်ဇာမ်က စိတ်မရှည်စွာပြောလိုက်သည်။
သူ့အလုပ်ကိစ္စတွေကိုပင် သူကိုယ်တိုင် စီမံခန့်ခွဲပိုင်
ခွင့်မရှိ အရာရာသွင်ခေတ္တရာ သဘောသာ ဖြစ်နေ၏။
အချိန်စာရင်းတွေ သက္ကကိုယ်တိုင် ပြင်ဆင်ထားသော်
လည်း သွင်ခေတ္တရာက ပြန်ပြောင်းလိုက်သည်။

The Kite(ongoing)Donde viven las historias. Descúbrelo ahora