Ep 21

1.5K 141 15
                                    

သက္ကမြတ်ဇာမ်က သွင့်နောက်ကို လိုက်လာပြီး ဒိုင်
တွေအတွက် ပြင်ဆင်ပေးထားသည့် ခုံတွင် နေရာ
ယူလိုက်သည် ။ ခုံလေးခုံသာရှိသည် ။သက္ကမြတ်ဇာမ်
နဲ့ သွင်ခေတ္တရာရယ် ၊ ရောင်ခြည်သစ်အစ်ကို ဒါရိုက်
တာရယ် ၊ သွင်နဲ့ လုပ်ငန်းဆက်တူ လုပ်ဖူးသည့် villa လုပ်တုန်းက ဆောက်လုပ်ရေး ကုမ္ပဏီက CEO ကိုသစ်လွင်ထူးရယ် အကဲဖြတ်ဒိုင်လေးယောက်ဖြစ်သည် ။

ဟိုတယ်ကြော်ငြာအတွက်တင်မကဘူး အသစ်ဖွင့်
မည့် Villaအတွက်ပါ တစ်ခါထဲရွေးချယ်မည်ဖြစ်တာကြောင့် ဆောက်လုပ်ရေး ကုမ္ပဏီက CEOကိုပါ
ဖိတ်ထားသည်။ ရောင်ခြည်သစ်ရဲ့ အစ်ကိုက အထူး
အဆန်းဖြစ်အောင် သက္ကမြတ်ဇာမ်နဲ့ တွဲပြီး မျက်နှာ သစ် မော်ဒယ်လေးတွေကို အသုံးပြုမည်ဟု ပြော
တာကြောင့် အားလုံးသဘောတူလက်ခံကာ လူရွေးပွဲကို သွင်ခေတ္တရာ ကုမ္ပဏီတွင် ကျင်းပလိုက်သည်။

သက္ကမြတ်ဇာမ်က အစွန်ဆုံးခုန်တွင် ဝင်ထိုင်သည်။
သက္ကဘေးနေရာကို ရောင်ခြည်သစ်ရဲ့ အစ်ကိုကဝင်
ထိုင်လိုက်တာကြောင့် သက္ကစူးစိုက်ကြည့်လိုက်သည်။
သွင်ခေတ္တရာက ဟိုဘက်ထိပ်အစွန်ဆုံးတွင် ထိုင်လိုက်တာကြောင့် အကြည့်တွေက ပိုပြီးစူးရှသွား၏။
ရှေ့ကလူတွေကို ကျော်ပြီး သွင်ခေတ္တရာကိုကြည့်
လိုက်တော့ သူ့ကို ဂရုမစိုက်ပဲ ရှေ့တွင်ချထားသည့်
ဖိုင်တွေကိုသာ တစ်ခုချင်းသေချာကြည့်နေသည်။
သက္ကမြတ်ဇာမ်နဲ့ သွင့်ကြားတွင် လူနှစ်ယောက်ခြား
နေသည်။

ဒုန်း*

သက္ကမြတ်ဇာမ် စားပွဲကို လက်ဖြင့် ထုလိုက်သည်။
သွင်ေခတ္တရာ အပါအဝင် ကျန်တဲ့လူနှစ်ယောက်၏
အကြည့်တွေက သက္ကထံသို့ စိုက်ရောက်လာသည်။
ကျန်တဲ့နှစ်ယောက်က နားမလည်သလိုကြည့်လာပြီး
သွင်ခေတ္တရာကတော့ သူတပ်ထားသည့် မျက်နှာကို
လက်ဖြင့် တစ်ချက်ပင့်တင်လိုက်ပြီး သက္ကကိုကြည့်
ကာ ခနဲပြုံး ပြုံးပြလေသည်။  သွင်ခေတ္တရာက အ
ကြည့်ပြန်လွှဲသွားသည်။ သက္ကအံကို ကြိတ်လိုက်ပြီး။

"မစသေးဘူးလား ။ ဘာလုပ်နေကြတာလဲ ။"

သက္ကပြောတော့ ရောင်ခြည်သစ်အစ်ကိုနဲ့ ဆောက် လုပ်ရေး ကုမ္ပဏီက CEOက သက္ကမြတ်ဇာမ်ကို နောက်တစ်ကြိမ် ပြန်ကြည့်လာကြသည်။

The Kite(ongoing)Tahanan ng mga kuwento. Tumuklas ngayon