Uni
သက္က concert ပြီးပြီဆိုပေမယ့် သွင်ခေတ္တရာရဲ့ စိတ်တိုင်းကြ စင်္ကာပူတွင် တစ်ရက်နှစ်ရက်ပိုနေမည်
ဟုဆုံးဖြတ်ထားသော်လဲ အရေးကြီး meeting တွေ
ရှိတဲ့ သွင့်ကြောင့် တစ်ရက်သာ ပိုနေလိုက်သည်။ခန့်သက်နှောင်ကို ရန်ကုန်ကို အရင်ပြန်ခိုင်းထားလိုက်
ပြီး သွင်နဲ့သက္ကမြတ်ဇာမ်နှစ်ယောက်ထဲနေခဲ့ကြသည်။
လျှောက်လည်ရတာမျိုး သက္ကသဘောမကျပါ။
ကလေးကုလား လည်ပတ်ပြီး Dateရအောင် မရောက်ဖူးတဲ့ နေရာတွေလဲမဟုတ်။သွင်လဲ သက္ကနည်းတူ သဘောမကျပေမယ့် နှစ်ယောက်ထဲ အချိန်ကုန်ဆုံးရသည်ကိုတော့ သဘော ကျ၏။
ယခုgarden by the bay လို့ခေါ်တဲ့ အပန်းဖြေ
ဥယျာဥ်ထဲကို ရောက်နေကြသည်။ သစ်ပင်တွေအမြောက်အများဖြင့် စိမ်းစိုနေရသည်က ရင်ထဲအေး ချမ်းစေသည်။ သူတို့နှစ်ယောက်ရဲ့ dateက ပျော်စ ရာ ကောင်းမနေ တစ်ယောက်နဲ့တစ်ယောက် စကားမပြောပဲ တောင့်တောင့်ကြီးတွေ ဖြစ်နေကြသည်။နှစ်ယောက်အတူ လမ်းလျှောက်နေရင်းက သွင့်ဖုန်းထံမှ အသံမြည်လာတာကြောင့် ခဏရပ်လိုက်ပြီး။
"Hello ကိုကို ။ "
ကိုကိုဆိုသည့် နာမ်စားကြောင့် သက္ကမြတ်ဇာမ်မသိမ
သာနားစွန့်ပြီး နားထောင်နေလိုက်သည်။ မျက်နှာတွေ
တော့ အလိုမကျမှုများစွာ သရုပ်ပေါ်နေသည်။"ထွဋ်ဦးယံ ပြန်ရောက်ပြီလား ။ "
"ကျွန်တော်က အခုစင်္ကာပူမှာမို့ မသိဘူး ကိုကို ။
ဘာဖြစ်လို့လဲ ။ "သူ့ဦးလေး လွှမ်းခေတ္တရာဖုန်းဆက်ထဲက ထွဋ်ဦးယံနဲ့
ပတ်သတ်တဲ့ အကြောင်းမေးမည်ကို သွင်ကြိုသိပါ သည်။"သူမနေ့က ပြန်မယ်ဆိုပြီး လာနှုတ်ဆက်သွားတယ်။ နောက်လဲ သူမလာတော့ဘူးတဲ့ ။ "
"အဲ့တော့ ကိုကို့အတွက် တစ်ရန်အေးသွားတာပေါ့
ဝမ်းမသာဘူးလား ။ ""ဝမ်းတော့ ဝမ်းသာပါတယ် ဒါပေမယ့် ။ "
"ဘာကိုဒါပေမယ့်လဲ ကျွန်တော်အခုမအားဘူး
သက္ကနဲ့ dateနေတာမို့ ဒါပဲနော် ။"
CZYTASZ
The Kite(ongoing)
Romansမင်းကတော့ အမြင့်ရောက်လေလေ ပိုင်ရှင်နဲ့ ဝေးသွားလေလို့တွေးလိမ့်မယ် ။ဘယ်နေရာ ရောက်ရောက် ဆွဲခေါ်ပြီး ထိန်းချုပ်လို့ရတဲ့ အာဏာငါ့မှာရှိတယ်။ မင်းက အမြဲတမ်း ငါ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေရမယ်။ Start 2.11.2022 End? မင်းကတော့ အမြင့်ရောက်လေလေ ပိုင်ရှင်နဲ...