မနေ့က ကုမ္ပဏီမသွားပဲ အိမ်မှာနေလိုက်တာ ဒီကနေ့
အလုပ်ပုံထဲခေါင်းစိုက်နေရပြီ။သက္ကမြတ်ဇာမ်နှင့် အချိန်ဖြုန်းချင်လို့ တကူးတက ကုမ္ပဏီမသွားပဲ အိမ်မှာနေပါတယ်ဆို သူက ကိုယ့်မြင်တာနဲ့ ရှောက်နေတယ်။အချိန်တွေပေးရကျိုးမနပ်လိုက်တာ။သွင်ခေတ္တရာတို့ ကုမ္ပဏီက အဓိကလုပ်ငန်းသည် ဆောက်လုပ်ရေးနှင့် သက်ဆိုင်သော အိမ်ဆောက်ရာမှာ အသုံးပြုရသည့် ပါဝင်ပစ္စည်းတွေကို ကိုယ်ပိုင်
ဒီဇိုင်းဆွဲပြီး ထုတ်လုပ်သည်။နိုင်ငံတကာအဆင့်မှီ
ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။အခြားသော Leo Grey နာမည်နှင့် hotels တွေ အပန်းဖြေစခန်းတွေ
ရှိသေးသည်။သွင်ရုံးခန်းထဲတွင် စာရင်းတွင် စစ်ရတာ ကြတော့
ညောင်းနေပြီဖြစ်သည်။အလုပ်ကို အာရုံစိုက်ပြီး
နေလိုက်သည်။သွင်က တစ်ခုခုအပေါ်အာရုံ ရောက်
သွားပြီဆိုလျှင် ပတ်ဝန်းကျင်ကို မေ့သွားတတ်သည့်
အကျင့်တစ်ခုရှိသည်။ဒေါက် ဒေါက်
အလုပ်စားပွဲအား လက်ဖြင့်လာခေါက်တာကြောင့်
စာရင်းဇယားတွေစစ် စာတွေဖတ်လျှင် အမြဲတက်ထားတတ်သည့် ရွှေရောင်ကိုင်းနှင့် မျက်မှန်အောက်
ရှိ မျက်ဝန်းတစ်စုံဖြင့် ကြည့်လိုက်သည်။စားပွဲကို လာခေါက်သူကာ ထွဋ်ဦးယံဖြစ်နေ၏။
"ဘာကိစ္စ"
အလုပ်ထဲရောက်နေတဲ့ အာရုံက လွင့်သွားတာကြောင့်
အပူသည်ရုပ်နှင့် ထွဋ်ဦးယံကို ပြတ်သားစွာမေးလိုက်
သည်။"Parisသွားမလို့ ဘာမှာဦးမလဲ"
"ဟင်း..."
စိတ်ပျက်စွာ သက်ပြင်းချကာ မျက်မှန်အားချွတ်လိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်။
"ရူးနေတာလား ဘာသွားလုပ်မလို့လဲ"
"ကို.. ကိုကို နဲ့တွေ့မလို့"
"သူကမင်းကို အတွေ့ခံလို့လား"
"...."
ရုံခန်းထဲက sofaပေါ်တွင် ထိုင်ချလိုက်ပြီး သူ့ရှေ့က
စားပွဲပေါ်တွင် ထွဋ်ဦးယံအတွက် ချပေးထားတဲ့ coffee ခွက်ကို ယူသောက်လိုက်သည်။သူ့ ကုမ္ပဏီက ဝန်ထမ်းတွေ ပြောစရာပင်မလို ဧည့်သည်ရောက်
လျှင် ရာသီဥတုကို ကြည့်ပြီး မုန့်၊ကော်ဖီ၊အအေး တစ်မျိုးမျိုးဖြင့် ဧည့်ခံတတ်ကြသည်။
YOU ARE READING
The Kite(ongoing)
Romanceမင်းကတော့ အမြင့်ရောက်လေလေ ပိုင်ရှင်နဲ့ ဝေးသွားလေလို့တွေးလိမ့်မယ် ။ဘယ်နေရာ ရောက်ရောက် ဆွဲခေါ်ပြီး ထိန်းချုပ်လို့ရတဲ့ အာဏာငါ့မှာရှိတယ်။ မင်းက အမြဲတမ်း ငါ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေရမယ်။ Start 2.11.2022 End? မင်းကတော့ အမြင့်ရောက်လေလေ ပိုင်ရှင်နဲ...