Ep 19

1.3K 140 31
                                    

Uni

သက္က ကားကိုအမြန်ဆုံးနှုန်းဖြင့် မောင်းနှင်လာပြီး
သွင်ခေတ္တရာ၏ ကုမ္ပဏီက အောက်တွင်ရပ်လိုက်
သည် ။ လက်ထဲက ကားသော့ကို အစောင့်ဝန်ထမ်းလေးထံ လှမ်းပစ်ပေးလိုက်သည်။ ဓါတ်လှေကားထဲ
ဝင်လိုက်ပြီး အပေါ်ဆုံး ထပ်ကိုတက်သွားလိုက်သည်။
ဓါတ်လှေကားကပဲ နှေးနေသည်လား သူကပဲ စိတ်မရှည် ဖြစ်နေ၍လားမသိ မိနစ်ပိုင်းမျှ အချိန်လေးကို
သည်းမခံနိုင်တော့ ပေ။

ဓါတ်လှေကားတံခါး ပွင့်သွားတာနဲ့ လက်သီးဆုပ်ပြီး
ခြေလှမ်းကြဲတွေနဲ့ သွင်ခေတ္တရာ ရုံးခန်းဆီကို ဦးတည်ပြီး သွားလိုက်သည်။ သွင်ခေတ္တရာ ရုံးခန်းရှေ့
တွင် ထိုင်ရသည့် ဆက်ပိုင်ဦးက သက္ကကို တွေ့တော့
အနားသို့ ချက်ချင်းပြေးလာသည်။

"ညီလေး သက္က ဘယ်လာတာလဲ"

ဆက်ပိုင်ဦး၏ အမေးကို လျစ်လျှူရှုပြီး လမ်းဆက်လျှောက်နေလိုက်သည်။ ဆက်ပိုင်ဦးက သက္ကနောက်
ကနေ တကောက်ကောက်လိုက်သည်။

"သက္က ဝင်လို့မရဘူး ။"

သွင်ခေတ္တရာ ရုံးခန်းရှေ့ကို ရောက်တော့ တံခါးဖွင့်
မည့်ဆဲဆဲ သက္က၏ လက်တွေကို ဆက်ပိုင်ဦးက ဖမ်း
ဆုပ်ကာ တားသည်။ဆက်ပိုင်ဦးက တံခါးရှေ့တွင် ရပ်နေပြီး သက္ကလက်ကိုပါ ဆွဲထားတာကြောင့် သက္က ဂရုစိုက်မနေပဲ ဆက်ပိုင်ဦးကို တွန်းထုတ်လိုက်သည်။

ဆက်ပိုင်ဦး တွန်းခံလိုက်ရတာကြောင့် လဲသွားရသည်
ယောက်ဖဖြစ်သူက အလွန်အားသန်သည်။

တံခါးကို အားဖြင့် ကန်လိုက်သော်လဲမရ အတွင်းထဲ
က လော့ချထားတာကြောင့် မရဖြစ်နေသည်။ သွင်ခေတ္တရာ ရုံးခန်းအတွင်းမှာ ရှိနေသည်ကို ကာထားသည့် မှန်ကနေ တစ်ဆင့်မြင်နေရသည်။

ဒုန်း*

"ကျုပ်ကို တံခါးဖွင့်ပေး!"

သက္ကမှန်နံရံကို လက်ဖြင့်ထုကာ အော်ပြောလိုက်သည်။ သွင်ခေတ္တရာက မျက်နှာကို လက်ဖြင့်ပင့်ကာ
သက္ကဘက်ကို ကြည့်လာပြီး ရီမုဖြင့် လိုက်ပါတွေကို
ပိတ်လိုက်သည်။

သက္ကမြတ်ဇာမ် ကုမ္ပဏီထဲ ကားမောင်းဝင်လာထဲက
သွင်သိပါသည် ။CCTVကနေ တစ်ဆင့် ဒေါသထွက်
နေသည့် သက္ကမြတ်ဇာမ်ကို သေချာကြည့်နေလိုက်သည်။

The Kite(ongoing)Où les histoires vivent. Découvrez maintenant