Ep 18

1.2K 137 15
                                    

Uni

မနက်က သွင်ဖုန်းဆက်တာကြောင့် ဆက်ပိုင်ဦးက  ဇနီးဖြစ်သူနဲ့ မိသားစု ရှေ့နေကို ခေါ်ကာ ချက်ချင်းရောက်လာခဲ့သည်။  အိမ်ထဲဝင်ဝင်ခြင်း ဧည့်ခန်းထဲ
တွင် မျက်နှာမပျက်ထိုင်နေသည့် သွင်ခေတ္တရာထံမှ
သက္ကနဲ့ ကွာရှင်းတော့မည်ဟု ကြားလိုက်ရသောအခါ
မဒီမြတ်ဇာမ် အလွန်ပင်ရှော့ရသွားကာ နောက်သို့ယိုင်
သွားရသည်။

"ဘာဖြစ်လို့လဲသွင်ရယ်  ။ ကွာရှင်းရလောက်တဲ့
အထိ ဘာပြဿနာတွေဖြစ်ထားလို့လဲ မဒီ့ကိုရှင်း
ပြပါဦး။ "

မဒီမြတ်ဇာမ်၏ စကားသံထဲတွင် စိုးရိမ်မှုတွေ ရော ယှက်နေသည်။ ဘေးလူတွေကသာ အံ့သြနေကြပြီး
စိုးရိမ်နေကြပေမယ့် ကာယကံရှင်ဖြစ်တဲ့ သွင်ခေတ္တရာကတော့ အနေအထိုင်မပျက်ပေ။

"မဒီ့မောင်နိုးလာမှပဲ သူ့ကိုမေးကြည့်  "

မဒီမြတ်ဇာမ်၏ မျက်နှာအမူအယာက ပို၍ပင် ပျက်
ယွင်းသွားရသည်။ ဆက်ပိုင်းဦးနှင့် ရှေ့နေလင်းနေရောင်ကတော့ ဘာမှဝင်မပြောပဲ တိတ်ဆိတ်နေကြသည်။

"ကွာတော့ မကွာကြပါနဲ့ ။ ဖြေရှင်းလို့ရတဲ့ ပြဿနာဆိုလဲ အားလုံးဝိုင်းဖြေရှင်းကြတာပေါ့။"

"ဒါကတော့ သူ့အပေါ်မှာပဲ မူတည်တယ်။ "

"သူမလိမ္မာရင် မဒီက သေချာဆုံးမပေးမှာမို့ ခက်ခက်ခဲခဲ အကြာကြီးတည်ဆောက်လာတဲ့ အိမ်ထောင်တစ်ခုကိုတော့ မပြိုကွဲစေချင်ဘူး။"

မဒီမြတ်ဇာမ် သူကိုယ်တိုင်အတင်းပေးစားထားသည့်
လူတစ်ယောက်ကို မကွဲစေချင်ပါ ။ မောင်ဖြစ်သူက
သွင့်အပေါ်ဆိုးသည်ကိုလဲ သိပါသည်။

"ကိုယ်လဲ ကွဲချင်ကွာချင်နေတဲ့ လူတစ်ယောက်မဟုတ်ပါဘူး ။ဒါပေမယ့် မဒီ့မောင်က သိပ်ဆိုးတာပဲ။"

"သူဆိုးတာကို မဒီတို့က ဝိုင်းပြီးပြင်ပေးကြတာပေါ့။
ကွာတော့မကွာကြပါနဲ့ ။ "

"အဲ့တာ နောက်မှ သူနိုးလာမှဆက်ပြောကြတာပေါ့။"

မဒီမြတ်ဇာမ် ဘာမှဆက်မပြောတော့ပဲ ငြိမ်သက်စွာ
ထိုင်နေလိုက်သည်။ အိမ်တော်ထိန်းက လာချပေးထားတဲ့ မုန့်တွေကိုပင် လက်နဲ့မထိနိုင် မောင်ဖြစ်သူ
သက္ကမြတ်ဇာမ်ကို ရိုက်ပစ်ချင်သည့် စိတ်သာကြီးစိုး
နေသည်။

The Kite(ongoing)Where stories live. Discover now