Ep 27

1.1K 145 21
                                    

Uni

ထွဋ်ဦးယံတို့ နှစ်ယောက် ကားလေးတစ်စီးဖြင့် အတူအိမ်ကနေ ထွက်လာခဲ့လိုက်သည်။ ကိုကို့မျက်နှာကတော့ အလိုမကျမှုတွေ ကြီးစိုးနေသည်။

"ကိုကို ကျွန်တော်တို့ ဘယ်သွားကြမလဲ ။ "

ကားမောင်းနေသည့် လွှမ်းခေတ္တရာကို ထွဋ်ဦးယံမေးလိုက်သည်။ အိမ်မှာတုန်းပနဲ့ တခြားပြုံးပျော်နေသည့် ထွဋ်ဦးယံကို လွှမ်းခေတ္တရာ ကားပေါ်ကနေကတ်ချချင်မိသည်။

"မသိဘူး။ "

လွှမ်းခေတ္တရာက တုံးတိသာပြောလာသည်။ ထွဋ်ဦးယံ စိတ်ရှုပ်သွားရသည်။ အမြဲသူ့ကိုဆို စကားသေချာမပြောပဲ အေးတိအေးဆက်နိုင်လှသည့် ကိုကို့ကြောင့်
မျက်နှာအမူအရာတွေ ထိန်းမရတော့အောင် ပျက်ယွင်းရသည်မှာလည်း အကြိမ်ရေမနည်းပေ။

"ဟင်"

"အစီအစဥ်မှမရှိတာ ရုတ်တရက်ထွက်လာရတာ မင်းကြောင့်လေ နောက်ဆို ကိုယ့်အိမ်မှာ မငိုနဲ့ လာဘ် တိတ်တယ်။ "

လာဘ်ရွှင်အောင် ထွဋ်ဦးယံကပဲ စျေးဆိုင်တွင်မှာ ထားတတ်သည့် ကြောင်ရုပ်လေးတွေလို လက်ယက် ခေါ်ပြရမည့် ပုံပေါ်သည်။ ဘယ်သူက အတင်းမထွက်ချင်တဲ့ မျက်ရည်တွေကို ညှစ်ထုတ်ပြီးငိုမလဲ  ဒါတွေအကုန် ကိုကို့ကြောင့်ဟု အော်ပြောလိုက်ချင်သည်။

အေးဆေးလက်ထပ်ခဲ့မယ် ဆိုရင် အခုလောက်ဆို တော်တော် နေကြလောက်ပြီ။ အကြောင်းပြချက်မရှိ ရုတ်တရက်ကြီး ထွဋ်ဦးယံကို ကန်ထုတ်သွားတာကထူးဆန်းသည်။ အပျော်သဘောပါဆိုလျှင် လူတစ်ယောက်ကို ၂နှစ်လောက် သည်းခံပြီး တွဲမည့်လူမျိုးထဲတွင် လွှမ်းခေတ္တရာ မပါတာကို ထွဋ်ဦးယံကောင်း ကောင်း သိသည်။

"နောက်ငိုတယ် မငိုဘူးဆိုတာ ကိုကို့ပေါ်မှာမူတည်တယ် ။ "

"မင်းခန္ဓာကိုယ် မင်းအရပ်အမောင်းကိုမှအားမနာ အားတိုင်း ငိုနေရတယ်လို့ ။ "

ထွဋ်ဦးယံက အရပ်အမောင်း ခန္ဓာကိုယ်အချိုးအစားအကုန် လွှမ်းခေတ္တရာနဲ့ တူညီသည်။ စိတ်ကသာကလေးစိတ်ဖြစ်နေသည်။

"ကိုကိုရော ဒီလောက်ချစ်ပြီး အရှက်မရှိတဲ့ ကျွန်တော့်ကို အားမနာဘူးလား။ "

The Kite(ongoing)Where stories live. Discover now