Ep 7

1.4K 138 19
                                    

Uni
ဆရာဝန်ပြန်သွားပြီးတဲ့နောက်  သက္ကမြတ်ဇာမ်က အခန်းထဲသို့ ပြန်ဝင်မလာခဲ့သလို သွင်ခေတ္တရာသည်လည်း အခန်းပြင်သို့မထွက်ခဲ့ပေ။ထမင်းစားမည့် အချိန် ရောက်တော့ အိမ်တော်ထိန်းက အခန်းထဲသို့
ဝင်လာကာ ဆန်ပြုတ်ပန်းကန်ကို လာပေးသည်။
သူကလူနာမှ မဟုတ်ဘဲ ဘာလို့ဆန်ပြုတ်သောက်ရမှာလဲ။ဖြစ်တာကခြေထောက်လေ ပါးစပ်မှမဟုတ်တာ။

"ထမင်းပဲပေးပါ"

"သခင်လေးက ဆန်ပြုတ်ပို့ပေးလိုက်ဆိုလို့ပါ"

"သူ့ကိုသာကျွေးလိုက် နောက်လဲဒီထက်မကရွဲ့နိုင်
အောင် ပြီးတော့ ဝိုင်ပုလင်းနဲ့ ခွက်တစ်လုံးယူပြီး
အခန်းထဲလာပို့ပေး"

အိမ်တော်ထိန်းက ဘာမှပြန်မပြောပဲ သူသယ်လာသည့် စားစရာတွေကို ပြန်ယူသွားကာ အခန်းထဲက ထွက်သွားသည်။

"ခင်ဗျားဘာဖြစ်ချင်နေတာလဲ"

အိမ်တော်ထိန်းလဲထွက်သွားရော သက္ကမြတ်ဇာမ်က
အခန်းထဲသို့  ဝင်လာပြီး ရန်တွေ့နေပြန်သည်။သွင်
ခေတ္တရာကတော့ အရေးပင်မစိုက် သက္ကမြတ်ဇာမ်ကို
ကျောပေးပြီး အိပ်နေသည်။

"တောင်းပန်ပါတယ်"

သက္ကမြတ်ဇာမ်၏ မယုံကြည်နိုင်သော စကားကိုကြားပြီး သွင်မဲ့ပြုံးပြုံးလိုက်ကာ ကုတင်ပေါ်ကနေထလာလိုက်သည်။

"တောင်းပန်ဖို့မလိုပါဘူး မပြောဖူးတဲ့စကားတွေ
လာပြောမနေနဲ့ ဒီလောက်လေးနဲ့ ငါဘာမှဖြစ်မသွား
ဘူး"

"အေးအေးဆေးဆေးပဲ စကားပြောချင်တယ်"

"ငါ့မှာပြောစရာမရှိဘူး"

"သွင်ခေတ္တရာ!"

"မင်း သူ့ကိုသဘောကျလား"

"ဘယ်သူ့ကိုလဲ"

"မင်းနမ်းလိုက်တဲ့ကောင်လေးကို"

"....."

အရွဲ့တိုက်ချင်စိတ်ဖြင့်သာ တစ်ဖက်သားအပေါ်  အလုပ်ကို ဗန်းပြပြီး ကျူးလွန်ယုယမိခြင်းသာဖြစ်သည်။ထိုကောင်လေးကို သဘောလဲမကျသလို
စိတ်ထဲတွင်လဲမရှိ။

"သူကအသစ်လေးထင်တယ် အရင်ကမမြင်ဖူးဘူး"

"သူ့ဟာသူဘာဖြစ်ဖြစ် ခင်ဗျားကိစ္စလား"

The Kite(ongoing)Where stories live. Discover now