Ep 31

1K 130 10
                                    

Uni

ထွဋ်ဦးယံ ကိုကို့အိမ်က ထွက်လာခဲ့တာ နှစ်ရက်ရှိပြီ အရင်ကဆို ကျောင်းရှေ့ ၊ အိမ်အနီးနားတွေမှာ ရစ်သီ ရစ်သီ  လုပ်နေတတ်ပေမယ့် အခုတော့ ဟိုတယ်အခန်းထဲက အခန်းပြင်ကို မထွက်ဖြစ်ပေ။

သူငယ်ငယ်က နွေဦးယံကို အားကျခဲ့ဖူးသည်။ သူ့ထက်အသက်ကြီးသည့်အပြင် ဖခင်ဖြစ်သူကလည်းအလိုလိုက်ပြီး ချစ်တာကြောင့် အားကျမိခဲ့သည်။ငယ်ရွယ်တဲ့ ကလေးဘဝတွင် အဖြူရောင်စိတ်ထားလေးနဲ့  ကလေးတိုင်းက အပြစ်ကင်းကြသည်။ စိတ်ခံစားလွယ်တတ်သလို စိတ်ဒဏ်ရာတွေကလည်း ငယ်ရွယ်စဥ်ကတည်းက အစပျိုးခဲ့သည်။

၄ ၊ ၅နှစ်အရွယ်ထိ နွေဦးယံနောက်က တကောက်ကောက်လိုက်ကာ ရယ်မောနေတတ်သည့် သူ့ကိုကြည့်ပြီး နွေဦးယံကတော့ အမြဲအနိုင်ကျင့်ခဲ့သည်။ မထင်ရင် မထင်သလို ခုံပေါ်ကတွန်းချလိုင်တာမျိုး ၊ ဘေးနားတွင် လူမရှိလျှင် ဆွဲစိတ်လိုက်တာတို့ ထွဋ်ဦးယံ၏ ပါးဖောင်းဖောင်းလေးကို လိမ်ဖဲ့တာမျိုး လုပ်သည်။

မူလတန်းအရွယ်မှာတော့ အနိုင်ကျင့်မှုတွေကို တဖြေး ဖြေးနားလည်လာခဲ့သည်။ ညီအစ်ကိုဆိုပေမယ့် မွေးထားတဲ့ မိခင်တွေ မတူညီတာကြောင့် နွေဦးယံက သူ့ကို အနိုင်ကျင့်သလို ထွဋ်ဦးယံကလည်း တဖြေးဖြေးနွေဦးယံကို မုန်းတီးလာသည်။ သွင်ခေတ္တရာနဲ့ မူကြိုအရွယ်ကတည်းက စတဲ့သူငယ်ချင်းသံယောစဥ်တွေကြောင့် ကျောင်းလည်းအတူတူ တက်ခဲ့ကြပြီး ကျောင်းနားချိန်ဆို အမြဲလာလာတွေ့တတ်သည့် သွင့်ဦးလေး လွှမ်းခေတ္တရာနဲ့  သွင်ခေတ္တရာတို့ရဲ့ ဆက်ဆံရေးကို သဘောကျမိသည်။ တူဝရီးတွေဆိုသော် လည်း ငါးနှစ်သာကွာခြားသည့် အသက်ကြောင့် ညီ အစ်ကိုတွေလို ဖြစ်နေသည်။ အိမ်မှာအနိုင်ကျင့်ခံ သိမ်ငယ်ခဲ့ရတာတွေက ကျောင်းရောက်လို့ သွင်တို့တူဝရီးနဲ့ တွေ့လျှင်အကုန်မေ့သွားပြီး ပျော်ရွှင်ခဲ့ရသည်။

ထွဋ်ဦးယံ၏ မိခင်ဖြစ်သူက အမြဲကာကွယ်ပေးတတ်ပြီး ထွဋ်ဦးယံကို အချစ်ပိုခဲ့သည်။ သူတို့သားအမိကဥပေက္ခာပြုမှုတွေကို အံတုကာ ရင်ဆိုင်ခဲ့ကြသည်။

ထွဋ်ဦးယံ စားပွဲပေါ်က မီးလင်းလာပြီး တုန်ခါနေသည့် ဖုန်းကို ယူကြည့်လိုက်တော့ ခေါ်ဆိုသူက ကိုကိုဖြစ်နေသည်။ ထွဋ်ဦးယံ မကိုင်ပဲ ဖုန်းကိုစက်ပိတ်လိုက်သည်။

The Kite(ongoing)Where stories live. Discover now