Ep 42

733 84 20
                                    

Uni

သွင်ခေတ္တရာနှင့် သက္ကမြတ်ဇာမ်တို့ ကိုယ်စီအလုပ်သွားကြသည်။အိမ်တွင် Louis နှင့် လွှမ်းခေတ္တရာကျန်ခဲ့၏။ တစ်ယောက်နှင့် တစ်ယောက်မျက်နှာချင်းမဆိုင်ကြပေ။Louis ကအခန်းတွင်းအောင်နေသလိုလွှမ်းခေတ္တရာကလည်း ခြံထဲတွင် အချိန်ဖြုန်းနေသည်။

Louis စိတ်ရှုပ်ထွေးရသည်။ လွှမ်းခေတ္တရာကို သူဘယ်လိုမျှသဘောမထားပါ။ သူတို့နှစ်ယောက် ရန်ငြှိုးရန်စလည်းမရှိ။ သူလည်း ထွဋ်ဦးယံကို မကြိုက်။
သွင်ကသဘောကောင်းသလောက် သူ့ဦးလေးက စိတ်သဘောထားသေးသိပ်၏။

Louis ရေချိုးအဝတ်စားလဲပြီး ထွဋ်ဦးယံထံ ဖုန်းဆက်လိုက်သည်။

"ထွဋ် သွင်တို့အိမ်ကို လာလို့ရမလား။"

"အပြောကနောက်ကျနေပြီ အခုပဲလမ်းမှာလာနေပြီ။ "

"ဖြည်းဖြည်းမောင်းဦး "

Louis ဖုန်းကို ပြန်ချလိုက်ပြီး အိမ်အောက်ထပ်ကိုဆင်းလာလိုက်သည်။ လွှမ်းခေတ္တရာကိုတော့ မတွေ့ပေ။

ခဏအကြာတွင် ခြံထဲသို့ Ferrari အနီရောင်လေးတစ်စီး မနှေးမမြန်သောအရှိန်ဖြင့် ဝင်ရောက်လာသည်။

လွှမ်းခေတ္တရာ ရေကူးကန်ဘက်ကနေ ဝင်လာသည့်ကားကို လှမ်းကြည့်လိုက်သည်။ သူ့အိမ်ကကားမဟုတ်  ဧည့်သည်ဖြစ်ရမည်။ ထိုင်နေရာကထကာအိမ်ထဲသို့ နောက်ဖေးပေါက်ကနေ ဝင်လိုက်သည်။

ဂုတ်အထိရှည်လျားသည့် ရွေအိုရောင်ဆံပင်နှင့် နေကာမျက်မှန်ကလည်း တပ်ထားသေးသည်။ထိုလူသည် အခြားမဟုတ် ထွဋ်ဦးယံသာ ဖြစ်သည်။လွှမ်းခေတ္တရာ မတွေ့တာရက်ပိုင်းခန့်ရှိပြီဖြစ်သော ထွဋ်ဦးယံကို တွေ့လိုက်ရချိန်တွင် အလွန်ပင်စိတ်လှုပ်ရှားသွားသည်။ ထို့အပြင် သူ့ရင်ထဲက နှလုံးသားဆိုသည့်အရာကလည်း အငြိမ်မနေခုန်ပေါက်လို့နေသည်။

ချက်ချင်းဆိုသလို တုန့်ဆိုင်းမနေတော့ပဲ ထွဋ်ဦးယံကို ပြေးဖက်လိုက်သည်။

"Honey"

ထွဋ်ဦးယံ ကြောင်အလျက် ကြက်သေသေသွားရသည်။ သူ့အား တင်းတင်းကြပ်ကြပ်ဖက်နေသူကသူချစ်ရတဲ့ လူပင်။ ငြိမ်သက်ပြီးခဏအကြာတွင် လွှမ်းခေတ္တရာ၏ ရင်ဘတ်ကို တွန်းလိုက်သည်။

The Kite(ongoing)Opowieści tętniące życiem. Odkryj je teraz