Ep 13

1.2K 134 11
                                    

Uni

ရာသီဥတု ပူသည်လဲမဟုတ် အေးသည်လဲမဟုတ်
အနေတော်လေးဖြစ်နေ၏။ နေရောင်ခြည် ဖျော့ဖျော့
လေးဖြင့် နေလို့ကောင်းသည်။ နေ့လယ်စာစားချိန် ဖြစ်သည့်အတွက် ကျောင်းက နားချိန်ပေးထားသည်။

ကျောင်းဝန်းအတွင်း ဆယ်ကျော်သက်လူငယ်လေး
တွေနှင့် ပြည့်နှံ့လို့နေသည်။ အချို့ဆိုရည်စားတွေနဲ့။
မြက်ခင်းစိမ်းစိမ်းပေါ်တွင်လဲ ထိုင်ကာ ရယ်မော ပျော်
ရွှင်နေကြသည့် လူငယ်အစုအဖွဲ့လေးတွေလဲရှိသည်။

လွှမ်းခေတ္တရာ ကျောင်းက ကန်တင်းတွင် မစားချင်
တာကြောင့် သူတို့တက္ကသိုလ်နှင့် သိပ်မဝေးလွန်းလှသည့်။ ဆိုင်လေးဆီသို့ ကားမောင်းကာထွက်လာလိုက်သည်။ bakery ဆိုင်လေးဖြစ်ပြီး အပြင်အဆင်က
လဲ စွဲဆောင်မှုအားကောင်းသည်။ သူတို့ေကျာင်းကစုံတွဲတွေ အများဆုံးသွားလေ့ရှိသည့် နေရာလေးဖြစ်ပြီး သူလဲ ရည်းစားဟောင်းတွေနှင့် ဤနေရာကို ကြိမ်
ဖန်များစွာ ရောက်ဖူးပါသည်။

ဆိုင်ရှေ့တွင် ကားလေးရပ်ထားလိုက်ပြီး ဆိုင်ထဲသို့
ဝင်သွားလိုက်သည်။ ဆိုင်ထဲရောက်တော့ မျိုးစုံသည့် ကိတ်လှလှလေးတွေကို တွေ့လိုက်ရသည်။ဒီဆိုင်က
တစ်ခါလာပြီးလျှင် ပြန်ချင်စိတ်ကို မရှိဆော့ပေ။

Black Coffee တစ်ခွက်မှာပြီး ဆိုင်ထဲကပြန်အထွက်မှာ။

"အ့  Sorry  "

သူ့နှင့် အရပ်မတိမ်းမယိမ်း ရှိသည့် ဆံပင်အဝါရောင်
လေးနဲ့ကောင်လေးက  ဝင်တိုက်မိတာကြောင့်သည်။
သူ့လက်ထဲက ကော်ဖီတွေက ထိုကောင်လေး၏ အင်္ကျီအဖြူရောင်လေးပေါ် စွန်းထင်းသွားသည်။

မျက်နှာမမြင်ရသေး၍ ဘယ်သူ ဘယ်ဝါဖြစ်သည်ကို
လွှမ်းခေတ္တရာမသိ။ သိလဲမသိချင်မိပါ။

"ဟင်..ကိုကို"

"မင်းကို ... ဒီလောက်ဆိုင်တွေ အများကြီးရှိရက်နဲ့
မင်းက ဒီဆိုင်ကိုဘာလာလုပ်တာလဲ။ "

"ဒီဆိုင်က ကိုကိုပိုင်တာလား ။ "

"မဟုတ်ဘူး ။ "

"ကျွန်တော် ကိုကို့နဲ့တွေ့ချင်လို့လာတာမဟုတ်ဘူး။
Internet မှာ ဒီဆိုင်ကို တော်တော်များများ ညွှန်းကြ
လို့လာတာ ။ တိုက်ဆိုင်မှုတစ်ခုပါ။ "

The Kite(ongoing)Where stories live. Discover now