Uni
"ခင်ဗျားက အဲ့လောက်တောင် အားယားနေတာလား။"
သက္ကမြတ်ဇာမ်၏ အသံကနူးညံ့မနေသလို ခက်ထန်
ခြင်းလဲမရှိပေ။"မင်းအတွက်ဆို ကိုယ်ကသိပ်အား။ "
"အားယားနေတဲ့အချိန်တွေဆို တရားစခန်းဝင်ပါ
လား ။ ခင်ဗျားလဲ အသက်ကြီးနေပြီပဲ မကြာခင်
သေရတော့မှာ ။ "အသက်၃၅အရွယ်သူ့အသက်က အဲ့သလောက်ကြီး
သွားပြီလားဟု သွင်တွေးနေမိသည်။ သူများတွေ ၄၀ကျော်မှ ဘဝစကြသည်ဟု စနောက်ပြောဆိုနေ
သေးသည် ။ ၃၀ကျော်အရွယ်ဆိုတာ တကယ့်ကိုလူလတ်ပိုင်း စီးပွားရှာလို့ကောင်းတုန်း အရွယ်ပင်။"ကိုယ်က အဲ့လောက်ထိလဲ မအားဘူး ။ မင်းကို
တွေ့ချင်လွန်းလို့ အလုပ်တွေပစ်ပြီး လိုက်လာခဲ့
ရတာ ။ မကြိုဆိုရင်နေပါ နှင်တော့မထုတ်ပါနဲ့။""ခင်ဗျားက ကျုပ်စိတ်တိုင်းကျ နှင်ထုတ်လို့ရတဲ့
လူမှမဟုတ်တာ။ ""ကိုယ်ဘယ်လိုလူမျိူးလဲဆိုတာ မင်းမမေ့သေးလို့
တော်သေး ။ အခုရက်ပိုင်း မင်းက ကိုယ့်အပေါ်မှာ
ရဲတင်းပြီး ရိုင်းစိုင်းလာတယ်နော် ။ ""ရိုင်းစိုင်းတယ် ကြမ်းတမ်းတယ်ဆိုတာ ကျုပ်တို့
နှစ်ယောက်ကြား ဆက်သွယ်တဲ့ ကြားခံနယ်တစ်ခု
လိုပဲမလား။ အဲ့တာကထူးဆန်းသလား ။ "သူနောက်ကျောကနေ ထက်ထားသည့် သွင်ခေတ္တရာ
ကို တွန်းထုတ်လိုက်သည်။ သွင်ခေတ္တရာက အိဆက်
နေသည့် မွေ့ရာပေါ်တွင် ပလတ်အနေအထားဖြင့် လဲ
သွားရသည်။ မွေ့ရာပေါ်ကျသည်မို့ ကြမ်းပြင်သာဆို
တွန်းလိုက်သည့် အားနှင့် ခေါင်းကွဲလောက်သည်။"အဲ့စကားတွေ ဒီမှာရပ်လိုက်တော့ ဒီနေ့တော့ မင်းနဲ့
ရန်မဖြစ်ချင်ဘူး ။ ရေချိုးလိုက် ညစာစားဖို့ စောင့်
နေမယ် ။ ""ခင်ဗျားသဘောပဲ ။ "
သက္ကရေချိုးခန်းထဲ ဝင်သွားတော့ ဟိုတယ်က ရာယီ
အဝတ်အစားတွေထားရန် ထားထားပေးသည့် ဘီဒို
နားကို သွင်လျှောက်သွားသည်။ သက္ကဝတ်ရန် အင်္ကျီ
ရွေးနေလိုက်သည်။ အရောင်တွေကို တော့သူသိပ်သ
ဘောမကျ ။ branded ပစ္စည်းတွေ ကြည့်မို့ အရည်
အသွေးကတော့ ေပြာစရာပင်မလို ။ သွင်က မျက်စိစူးစေမည့် အရောင်တောက်တောက်တွေကို သဘောမကျပေ ။ မျက်စိထဲ အေးစေမည့် ဆွယ်တာနဲ့ ဘောင်းဘီတစ်ထည် ထုတ်ပေးထားလိုက်သည်။
YOU ARE READING
The Kite(ongoing)
Romanceမင်းကတော့ အမြင့်ရောက်လေလေ ပိုင်ရှင်နဲ့ ဝေးသွားလေလို့တွေးလိမ့်မယ် ။ဘယ်နေရာ ရောက်ရောက် ဆွဲခေါ်ပြီး ထိန်းချုပ်လို့ရတဲ့ အာဏာငါ့မှာရှိတယ်။ မင်းက အမြဲတမ်း ငါ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေရမယ်။ Start 2.11.2022 End? မင်းကတော့ အမြင့်ရောက်လေလေ ပိုင်ရှင်နဲ...