Ep 17

1.2K 117 22
                                    

Uni

မာလာဆောင်က ပြန်လာပြီးထဲက နေ့တိုင်းလိုလို အလုပ် မသွားခင် တက္ကသိုလ်က ကန်တင်းတွင် သွား
ထိုင်နေလိမ့်ရှိသည်။ ထိုကောင်လေးကို တွေ့လိုတွေ့ ငြား  ရှာနေတတ်သည်။ သူကိုယ်တိုင် ကျောင်းသားဘဝကို ပြန်ရောက်သွားသကဲ့သို့ တနေ့တနေ့ အိမ်နဲ့  ကျောင်းကန်တင်း ၊ အိမ်နဲ့ အလုပ် ကူးသန်းသွား လာနေသည်။

ဒီနေ့လဲ အလုပ်မသွားခင် ကျောင်းကန်တင်းကို အရင်
သွားရဦးမည်။ ကန်တင်းဆိုတဲ့နေရာက ကျောင်းသား
တိုင်း လာလေ့ရှိသည့်နေရာဖြစ်တာကြောင့် သွင်ခဏ
ခဏ သွားဖြစ်သည်။

ရေချိုးအဝတ်စားလဲပြီးတော့  အိမ်အောက်ထပ်ကို
ဆင်းလိုက်သည်။ ထမင်းစားခန်းထဲတွင် သူ့ကို သူ့
ဦးလေးလွှမ်းခေတ္တရာက မနက်စာစားရန် စောင့်နေ
သည်။မနက်စာစားရန် စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။

"သွင် မင်းဘာလို့ ကိုကိုတို့ကျောင်းကို ခဏခဏလာနေတာလဲ ။ မင်းကိုတွေ့တာ သုံးလေးခါ မကတော့ဘူး။"

သောက်နေသည့် ကော်ဖီခွက်ကို ဘေးချထားလိုက်
ပြီး လွှမ်းခေတ္တရာ တူဖြစ်သူ သွင့်ကိုမေးလိုက်သည်။

"အသိက အဲ့ကျောင်းမှာ တက်နေလို့ပါ။ "

သူ့ရှေ့က အုန်းနို့ခေါက်ဆွဲကိုသာ အာရုံစိုက်စားနေ
လိုက်ပြီး ဦးလေးဖြစ်သူ လွှမ်းခေတ္တရာ၏ အမေးကို
အစား စားရင့်ဖြင့်သာ ဖြေလိုက်သည်။

လွှမ်းခေတ္တရာက သွင့်ကို မယုံသင်္ကာ ကြည့်ပြီး။

"မင်းနဲ့  သိတဲ့လူတွေက ဆယ်ကျော်သက် တက္ကသိုလ်
ကျောင်းသားတွေလို့ မကြားမိပါဘူး ။ "

သွင်က သူ့ထက်အသက်ကြီးတဲ့ လူတွေနဲ့သာ အလုပ်
သဘောအရ  ပေါင်းသင်းတတ်သည်။ အသိမိတ်ဆွေ
လူငယ်ဟူသည် မရှိ။ သွင့်ကို သူ့ကျောင်းတွင် တွေ့တာ တစ်ပတ်ခန့်ရှိနေပြီ ဖြစ်သည်။

"သိတာသိပ်မကြာသေးတဲ့ မိတ်ဆွေပါ။ "

ပလိပ်စစ်သလို မေးနေသည့် ကိုကိုကြောင့် သွင်ခေတ္တရာမှာ အခက်တွေ့နေရသည်။ သွင်က တစ်ခါ
မှ ရည်းစားမထားဖူးသေးတာကြောင့် ကိုကိုက စိုးရိမ်
နေသည်။

The Kite(ongoing)Where stories live. Discover now