Ep 26

1K 106 6
                                    

Uni

သွင်ခေတ္တရာအိမ်တွင် သယ်ပိုးပြောင်းရွှေ့စရာဆိုလို့ သူ့အဝတ်အစားတွေကလွဲ၍ ဘာမှမရှိ။ အိမ်ပေါ်စတက်လာကတည်းက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့တက်လာတာကြောင့် ပြန်ဆင်းတော့လဲ ပေါ့ပေါ့ပါးပါးဖြစ်ရသည်။ သက္ကမြတ်ဇာမ် တစ်ရက်လေး အိမ်ပေါ်ကနေ ဆင်းတာတောင် ဒီလောက် ဖြစ်ပျက်နေလျှင် ရှေ့လျှောက် သွင်ခေတ္တရာက ဘယ်လိုနေမည်ဆိုတာ မတွေးရဲစရာပင်။

သက္ကမြတ်ဇာမ် အင်္ကျီတွေကို တစ်ထည်ချင်းသေချာထုတ်ပို့လိုက်ပြီး နာရီတွေကိုလည်း သေချာထည့်လိုက်သည်။ ပေါ့ပေါ့ပါးပါးသာပြောတာ အဝတ်အ စားတွေနဲ့တင် luggage က သုံးလုံးဖြစ်နေပြီ။ ဖိနပ်တွေလည်း ကျန်သေးသလို တစ်ကိုယ်ရေတကာရ အသုံးအဆောင်တွေကိုလည်း ယူရဦးမည်။

"မင်းစာအုပ်တွေက ယူသွားမှာလား။ "

ရုတ်တရက် သွင်ခေတ္တရာက အနားရောက်လာကာမေးသည်။ မျက်လုံးတွေက နီဆွေးဆွေးဖြစ်နေသည်။အရမ်းနီရဲနေတာမျိုး မဟုတ်ပေမယ့် အကြည့်တွေကရီဝေဝေနဲ့  ဘယ်လောက်သောက်ထားသည် ဆိုတာကိုမျက်ဝန်းတွေက ဖော်ပြနေသည်။

"စာအုပ်တွေက အရမ်းများတော့ ယူသွားဖို့ကအဆင်မပြေဘူး ။ ဒါပေမယ့် အနှစ်နှစ်အလလ စုဆောင်းခဲ့တာတွေ ထားခဲ့လို့လဲအဆင်မပြေ ။ "

"နောက်မှ လာယူ။ "

"နောက်နောင်ဆိုတာ ဒီအိမ်ကိုလာဖို့ မသေချာဘူး။အခုတစ်ခါထဲ ယူသွားလိုက်မယ် ။ "

"အင်း "

သွင်ခေတ္တရာက ပေါ့ပြတ်ပြတ်တုန့်ပြန်လာပြီး အခန်းထဲက ထွက်သွားသည်။ သက္ကမြတ်ဇာမ် သိပ်အလိုမကျပေ ။ ဘယ်လောက်ပဲ ကွာရှင်းသည်ဆိုပေဦးတော့ဒီလောက်ထိ လျစ်လျူရှုစရာ လိုသလား။

သက္ကမြတ်ဇာမ် စာဖတ်ခန်းဘက်ကို ခြေဦးလှည့်လိုက်ပြီး စာဖတ်ခန်းကို သေချာကြည့်မိသည်။ ဒီအခန်းကသူရောက်လာမှ စာဖတ်ဝာသနာပါသည့် သူ့အတွက် သီးသန့် သွင်ခေတ္တရာကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားသည့် အခန်းဖြစ်သည်။ တစ်ခန်းလုံး စာအုပ်တွေနဲ့ ပြည့်နေပြီး စာပေချစ်သူတို့အတွက် နိဗ္ဗာန်ဘုံလေးလိုပင်။

The Kite(ongoing)Where stories live. Discover now