Ep 23

1.1K 141 32
                                    

မေ့နေကြပြီလား^_^

Uni

"တစ်နေ့တစ်နေ့ ကွာရှင်းမယ်ပြောနေတာ မမောဘူးလား ။အခု အိပ်နေတဲ့လူကို နှိုးပြီး ဒီအကြောင်းပြော
စရာလား ။ "

နာရီကိုကြည့်လိုက်တော့ ၆နာရီသာရှိသေးသည်။ဒီရက်ပိုင်း သက္ကမြတ်ဇာမ် စိတ်ရောလူပါ အဆင်မပြေတာကြောင့် ရိုက်ကူးရေးတွေ နားထားပြီး အိမ်မှာ နေ
ကာ သီချင်းရေးလိုက် အိပ်လိုက် လုပ်နေရသည်။

ရိုက်ကွင်းသွားလည်း သူ့မျက်နှာအခြေအနေက ဘယ်
ဇာတ်ရုပ်မှ ရိုက်လို့မရပေ ။အချိန်ပြည့် တင်းမာနေပြီး
သွင်ခေတ္တရာအကြောင်း တွေးမိရင် ပိုဆိုးသွားသေးသည်။

နှစ်ယောက် အခန်းခွဲအိပ်ကြသော်လည်း သွင်ခေတ္တရာက အတင်းနှိုးကာ ဒီနေ့ကွာရှင်းဖို့ ရှေ့နေကိုလည်း
ခေါ်ပြီးသွားသလို မဒီမြတ်ဇာမ်တို့ လင်မယားကိုပါ
အကြောင်းကြားပြီးသွားကြောင်းကို ပြောသည်။

" မင်းအိပ်နေတာ ကိုယ့်အိမ် ကိုယ့်အခန်း ကိုယ့်ကုတင်ဆိုတာ သတိရအုံး ။ ကိုယ့်ပိုင်နက်ထဲမှာ မင်းကို
နှိုးနှိုး သတ်သတ် ဘာလုပ်လုပ်လေ။ "

သွင်ခေတ္တရာက မျက်နှာကို မော်ချီပြီး ပြောနေသည်က ဆွဲထိုးပစ်ချင်စရာ ကောင်းလေသည်။ သက္ကကုတင်ပေါ်က နေထလိုက်ပြီး။

"ဆက်အိပ်လို့လဲ ရတော့မှာ မဟုတ်ဘူး။ခင်ဗျား တော်တော် ဒုက္ခပေးပါလား ။ "

"ကိုယ်ဒုက္ခပေးတယ်ဆိုတာ မင်းကို မှီမယ်မထင်ဘူး။"

သွင်ခေတ္တရာက သက္က၏ စကားကို ပြန်လည်ချေပပြန်သည်။ သူတို့နှစ်ယောက် စကားရည်လုပွဲမှာသာ
ပြိုင်ရင် ဘယ်သူက အနိုင်ရမလဲဆိုတာ စဥ်းစားကြည့်ရင်ပင် ခက်ခဲလှသည်။

"ခင်ဗျားပဲနစ်နာသူ ခင်ဗျားကပဲ သူတော်ကောင်း
ကျုပ်က လူယုတ်မာ ကျေနပ်ပြီလား။ "

" မင်းကွာရှင်းပေးရင် ကိုယ်အတိုင်းမသိ ကျေနပ်
မှာ အမှန်ပဲ ။ "

သက္ကမြတ်ဇာမ် ရေချိုးခန်းထဲသို့ လျှောက်သွားရင်း
က ပြောလိုက်သည်။ သွင်ခေတ္တရာက နောက်ကနေ
၍ ရေချိုးခန်း တံခါးဘောင်ကို မှီလိုက်ပြီး သက္ကကိုကြည့်ကာ ပြောလိုက်သည်။

The Kite(ongoing)Where stories live. Discover now