Ep 28

1.1K 162 19
                                    

Uni

သွင်ခေတ္တရာ မနက်မိုးလင်း မျက်လုံးဖွင့်တာနဲ့ ဘေးကလွတ်နေသည့် နေရာကို အကြည့်ပို့မိသည်။ သက္ကမြတ်ဇာမ် ဘေးမှာရှိမနေတာက သူ့အတွက် နေသားမကျသေးတဲ့ အနေအထားဖြစ်သည်။ ကွာရှင်းထားတာလည်း ရက်ပိုင်းလောက်ပဲ ရှိသေးတာကြောင့် ဖြစ်သည်ဟု သွင်တွေးလိုက်သည်။

အိပ်ယာကနေ ထလိုက်ပြီး စောင်ကို သေချာပြန်ခေါက်လိုက်သည်။ တွန့်ကြေနေတဲ့ အိပ်ယာခင်းတွေကိုလည်း သေချာပြန့်အောင် ပြန်လုပ်လိုက်ပြီး ရေ ချိုးခန်းထဲက ရေပန်းအောက်ဝင်ကာ ရေချိုးလိုက်သည်။ မနက်စောစော ရေချိုးလိုက်တာက လန်းဆန်း ၏ ဒါကြောင့် အမြဲအလုပ်မသွားခင် သွင်ခေတ္တရာရေချိုးလေ့ရှိသည်။ သက္ကမြတ်ဇာမ်ကိုလည်း အိပ်ယာနိုးနိုးခြင်း ရေချိုးရန် မှာလေ့မှာထရှိသည်။ အခုတော့ဘယ်လို နေနေသလဲဆိုတာ သွင်ခေတ္တရာ မသိနိုင်တော့ပေ။

ရေချိုးနေရင်းက သက္ကမြတ်ဇာမ် အကြောင်းတွေးမိကာ သွင်ခေတ္တရာပြုံးမိသည်။ အရင်ကဆို ရေချိုးချိန်တိုက်နေလျှင် သက္ကမြတ်ဇာမ်က ရေချိုးခန်းအပြင်ကနေ မျက်မှောင်ကြုတ် ခါးထောက်ကာ စောင့်နေလေ့ရှိသည်။ အိမ်မှာ နှစ်ယောက်ထဲနေတာကြောင့် အခန်းတွေအများကြီးလွတ်နေသော်လည်း တခြားအခန်းကို မသွားပဲ သူ့ကိုစောင့်ကာ ရန်တွေ့တတ်တဲ့သက္ကမြတ်ဇာမ်က သွင့်အတွက်တော့ မုန်းလို့မရတဲ့ တစ်ဦးတည်းသော မြတ်နိုးရာ အမျိုးသားဖြစ်ခဲ့သည်။

သွင်ခေတ္တရာ ပြုံးစစဖြင့် ခေါင်းခါလိုက်ပြီး ရေချိုးခြင်းကို လက်စသက်လိုက်သည်။ သွင်ခေတ္တရာသူနဲ့အလိုက်ဖက်ဆုံး ခဲရောင် suitကို ထုတ်ဝတ်လိုက်ပြီးသုံးနေကျ ရေမွှေးကို ခန္ဓာကိုယ်အနှံ့ဖြန်းလိုက်သည်။သူ့အနားကပ်တဲ့လူကတော့ လှေစီးစရာလည်းမလို ၊ကားစီးစရာလည်းမလို ၊ အရက်သောက်ရန်လည်းမလိုပဲ ချာချာလည်အောင် မူးသွားလိမ့်မည်။

ဆံပင်ကို သပ်တင်လိုက်ပြီး ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရပ်လိုက်ပြီး သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့ လူပျိုလေးနဲ့ပင် တူနေသေးသည်။ အိမ်ထောင်သာကျဖူးတာ သူဟာအခုထိ လူပျိုရည်မပျက်သေးဘူးဆိုလျှင်ယုံကြမှာ မဟုတ်ပေ။

The Kite(ongoing)Where stories live. Discover now