Ep 37

1.3K 171 23
                                    

Uni

နွေဦးယံ ကိစ္စကြောင့် Louis နဲ့ ထွဋ်ဦးယံကော်နဲ့ကပ်ထားသလို ခွာမရအောင် တတွဲတွဲဖြစ်နေသည်။လွှမ်းခေတ္တရာကပါ ထွဋ်ဦးယံတည်းနေသည့် ဟိုတယ်ခန်းထဲကို ချောင်းပေါက်မတတ်လာတတ်သေးသည်။
လွှမ်းခေတ္တရာ ဘယ်သူ့ကို ယုံလို့ယုံရမှနွးမသိ ဖြစ်နေပြီး ထွဋ်ဦးယံ နှင့် ဦးမင်းယံဦးတို့သားအဖကြား ချိန် ဆတွေးတောနေရသည်။

ဖခင်အရင်းက သိပ်ချစ်ရတဲ့ သားဖြစ်သူကို ပြန်သတ်တယ်ဆိုတာထက် အဖေတူအမေကွဲ ထွဋ်ဦးယံက မနာလို မုန်းတီး၍ ဖိအားပေးခဲ့သည်ဆိုတာက ပို၍ သဘာဝကျကာ စဥ်းစားရလွယ်နေသည်။

Louis ဦးမင်းယံဦးကို မသေးစိတ်စောင့်ကြည့်ပြီး စုံစမ်းနေရသည်။ အဝေးကနေ ထောက်လှမ်းတာထက် အနီးကနေ ထောက်လှမ်းတာက ပိုပြီးအဆင် ပြေတာကြောင့် ထွဋ်ဦးယံကို ရန်ကုန်သို့ပြန်ရန် တိုက် တွန်းနေရသည်။

ဒုစရိုက်အလုပ်မျိုးဆိုတာ သိုသိုသိပ်သိပ်လုပ်ရတာကြောင့် ဖခင်ဖြစ်သူ၏ သဘောကျနှစ်သက်ခြင်းမခံရသည့် ထွဋ်ဦးယံက သူ့အဖေ၏အမှောင်ဖက်ခြမ်းကိုမသိတာ သိပ်တော့မထူးဆန်းပေ။

"ထွဋ် မင်းအဖေကို အနီးကပ်စောင့်ကြည့်ပြီး ဖော်ထုတ်မယ်ဆိုရင် လွယ်မှာ ။ မင်းကဘာလို့ ရန်ကုန် မပြန်ချင်ရတာလဲ ။ "

Louis ကစိတ်ပျက်လက်ပျက်ဖြင့် ခုံပေါ်သို့ အားဖြင့်ထိုင်ချလိုက်သည်။ အချိန်အတိုလေးအတွင်းမှာပင် ထွဋ်ဦးယံတို့နဲ့  အလွန်အမင်းရင်းနှီးလာသည်။ငယ် ပေါင်းကြီးဖော်တွေလို ဖြစ်နေသည်။

"....."

"လွှမ်းခေတ္တရာကြောင့်လား ။ မင်းမလဲ ဒုက္ခပါပဲ အချစ်ဒုက္ခသယ်ကို ကူညီနေရတာ ခက်သား။ "

ပြင်သစ် ဗမာကယား Louis က ဗမာစကားသံဝဲဝဲဖြင့် ခပ်ဆွေးဆွေးပြောလာသည်။ ထိုအခါ တိတ်ဆိတ်နေသည့် ထွဋ်ဦးယံဆီက ရယ်သံလွင်လွင်လေးထွက်ပေါ်လာသည်။

"မင်းပြန်စေချင်တယ်ဆို ပြန်မှာပါ ။ အနီးအကပ် စောင့်ကြည့်ရအောင် ကိုယ်အဲလောက်ထိမတော်ဘူး Louis ။ မင်းပါလိုက်ခဲ့မလား ။ "

"အို့! ဒီလိုစကားကို ကြားချင်နေတာကြာပြီ ရန်ကုန်ကိုလိုက်ရင် သွင်နဲ့တွေ့ရမှာမလား ။ "

The Kite(ongoing)Hikayelerin yaşadığı yer. Şimdi keşfedin