Uni
ထွဋ်ဦးယံ အိမ်သို့ပြန်လာလိုက်သည်။ ခြံထဲတွင် လူတွေရှုပ်နေပြီး ကားတွေနဲ့ပြည့်နေတာကြောင့် သူ့အဖေပြန်ရောက်နေပြီဆိုတာကို သိလိုက်ရသည်။
ထွဋ်ဦးယံ ကားကို ဂိုထောင်ထဲတွင် ရပ်လိုက်ပြီး အိမ်ရှိရာဘက်သို့ လျှောက်သွားလိုက်သည်။ အိမ်အဝင်ဝတွင် အသက်၅၀ကျော်ဟုမထင်ရသည့် ခေတ်ဆန်ဆန် ဝတ်စားထားသည့် အမျိုးသမီးကြီးက လက်ပိုက်ကာ စောင့်ကြိုနေသည်။
"ဦးယံဘယ်တုန်းက ရောက်နေတာလဲ ။ အိမ်မှာနေမယ်ဆို မာမီတော့ သိပ်သဘောကျတာပဲ ။ မင်းအိမ်မကပ်တာကြာပြီလေ ။ "
စိတ်ထဲကမပါသည့် အပေါ်ယံစကားတွေနှင့်အတူ ပျားရည်လောင်းထားသကဲ့သို့ ချိုချိုမြမြလေဖြစ်နေသည့် လေသံဖြင့် ပြောသည်။ထိုအမျိုးသမီးက သူ့အဖေရဲ့ အငယ်အနှောင်း ေနွဦးယံ၏ မိခင်ဖြစ် သည်။
ထွဋ်ဦးယံ မမြင်ချင်ယောင်ဆောင်ကာ ကျော်သွားလိုက်သည်။ ဧည့်ခန်းထဲတွင်လည်း သူ့အဖေကခါးထောက်ကာ သူ့ကိုစောင့်ဆိုင်းနေသည်။
ထွဋ်ဦးယံမျက်နှာလွှဲကာ အိမ်ပေါ်သို့တက်သွားလိုက်သည်။ သူ့အဖေနှင့် စကားပြောလျှင် ရန်ဖြစ်ရလိမ့်မည် ။ ဘယ်လောက်ပဲ မတည့်သည်ဖြစ်စေ၊မုန်းသည်ဖြစ်စေ ဦးမင်းယံဦးကသူ့အဖေဖြစ်နေသေးသည်။ ထွဋ်ဦးယံအကုသိုလ်ယူချင်သည့်စိတ်မရှိ။
"ထွဋ်ဦးယံ! အရိုင်းစိုင်းကောင်လေး ဒီအိမ်မှာနေမယ်ဆို အိမ်ရှင်ကိုတော့ နှုတ်ဆက်သင့်တယ်မဟုတ်လား။ကြာလေဆိုးလေပဲ ။ "
ဦးမင်းယံဦး အော်၍ပြောလိုက်သည်။ မတွေ့တာကြာ၍ စိမ်းသက်နေသည့် ဆက်ဆံရေးမျိုးမဟုတ် ။တစ်အိမ်ထဲနေစဥ်ကလည်း သူတို့သားအဖ စကားတွေများများစားစားမပြောဖြစ်။ တွေ့ရင်တောင် ပြုံးပြခဲသည်။
ထွဋ်ဦးယံအပေါ်ပို၍ စိတ်ပျက်လာရသည်။နဂိုကတည်းက အမြင်မကြည်သည့်ကြားက ဒီကလေးက ချစ်အောင်မနေပဲ အမုန်းပွားအောင်အမြဲလုပ်သည်။
"လာပါကိုကိုရယ် ကလေးကို ဆူမနေနဲ့ ။ "
ဒေါ်နွေနဒီက သူ့ခင်ပွန်းအား လက်ဆွဲခေါ်ကာ ဆောက်လက်စ ဂိုထောင်ဘက်သို့ ခေါ်သွားလိုက်သည်။
YOU ARE READING
The Kite(ongoing)
Romanceမင်းကတော့ အမြင့်ရောက်လေလေ ပိုင်ရှင်နဲ့ ဝေးသွားလေလို့တွေးလိမ့်မယ် ။ဘယ်နေရာ ရောက်ရောက် ဆွဲခေါ်ပြီး ထိန်းချုပ်လို့ရတဲ့ အာဏာငါ့မှာရှိတယ်။ မင်းက အမြဲတမ်း ငါ့ထိန်းချုပ်မှုအောက်မှာပဲ ရှိနေရမယ်။ Start 2.11.2022 End? မင်းကတော့ အမြင့်ရောက်လေလေ ပိုင်ရှင်နဲ...