Ep 25

1.1K 139 19
                                    

Uni

"ချစ်နေတဲ့ လူကိုလဲ မချစ်နဲ့ဆိုပြီး အဝေးကိုတွန်းပို့လို့မရဘူး ကိုကို ။ "

ရေခဲသေတ္တာထဲက ဘီယာတစ်ဘူးယူကာ ဖောက်သောက်လိုက်ပြီး မပြီးပြတ်သေးတဲ့ စကားကို အစပြန်ဖော်လိုက်သည်။

"ကိုယ်လိုလူကို ချစ်တော့ရော ဘာရသလဲ ။ မင်းပဲစိတ်ညစ်ရတယ် honey ။ "

ဧည့်ခန်းထဲတွင် ထိုင်နေသည့် လွှမ်းခေတ္တရာက ပြောသည်။ ထွဋ်ဦးယံ ဘီယာဘူးကို ကိုင်ကာ ဧည့်ခန်းထဲသို့  လျှောက်သွားလိုက်ပြီး လွှမ်းခေတ္တရာနဲ့မျက်နှာချင်းဆိုင် ခုံတွင် ထိုင်လိုက်သည်။

လွှမ်းခေတ္တရာ ပုံစံက သူတော်ကောင်းတစ်ယောက်လိုပင်။ သူကမကောင်းတာကြောင့် လာမပတ်သက်ပါနဲ့လို့ အတင်းတွန်းထုတ်နေသည်က ထွဋ်ဦးယံအတွက်ရယ်ချင်စရာ ကောင်းနေသည်။

ဘာလို့ ဒီလိုလူကို ချစ်မိနေသလဲဆိုတာကို ထွဋ်ဦးယံမသိတော့ပေ။ ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်ကြိတ်ပြီး သဘောကျလာခဲ့ရတာ ။ ဆယ်ကျော်သက်အရွယ်မရောက်ခင်ကတည်းက လွဲမှားနေတဲ့ ရင်ခုန်သံက အခုထိ မရပ်တန့်လို့ မရသေးတာကြောင့် လွှမ်းခေတ္တရာနားတွင် တဝဲလည်လည် လည်နေရသည်။

"Honeyဆိုတာကြီးက တစ်ခါတစ်လေတော့လဲ ရွံစရာကောင်းလာသလိုပဲ ။ "

တစ်ခါတစ်လေတော့လည်း သူ့ကိုယ်သူ ရွံလာမိသလို စိတ်လည်း ပျက်မိသည်။ ဘာဖြစ်လို့ မလိုပါဘူးပြောနေတာကို အရှက်မရှိ တွယ်ကပ်နေမိတာလဲ။

"......"

"အချိန်တိုင်း ရွံမုန်းချင်တယ် ဘယ်လိုလုပ်ရမလဲ။ "

"မင်းဘယ်တော့မှ ပြန်လှည့်မကြည့်နိုင်တော့အောင်ကိုယ်လုပ်ပေးရမလား ။ "

လွှမ်းခေတ္တရာကို ထွဋ်ဦးယံ မျက်ခုံးတစ်ဖက် ပင့်ကာကြည့်လိုက်ပြီး ။

"လုပ်လိုက်လေ နာနာကျင်ကျင်နဲ့ ခင်ဗျားကို မေ့လိုက်ချင်ပြီ ။ "

သူတို့နှစ်ယောက်က အစထဲက ရည်းစားတွေလိုနေခဲ့ကြတာမဟုတ် သူငယ်ချင်းဒါမှမဟုတ် ညီအစ်ကိုတွေလို ဆက်ဆံရေးဖြစ်ပြီး ထွဋ်ဦးယံဘက်ကသာ ယုံကြည်မှုတွေ လွန်ကဲကာ လက်ထပ်ချင်ခဲ့သည်။

The Kite(ongoing)Hikayelerin yaşadığı yer. Şimdi keşfedin