Ep 15

1.2K 125 14
                                    

Uni

ထွဋ်ဦးယံ လေးရက်တိတိ လွှမ်းခေတ္တရာနဲ့ မတွေ့မိအောင် ရှောင်နေလိုက်သည်။ ဟိုတယ်က Barတွင်
ထိုင်နေရင်းက သွင့်ဆီသို့ ဖုန်းဆက်လိုက်သည်။

"Hello ထွဋ် မင်းပြန်ရောက်နေပြီလား။"

ညနေအိမ်စောစောပြန်ရမည် ဖြစ်တာကြောင့် ကုမ္ပဏီ
ကအလုပ်စားပွဲတွင် ခေါင်းစိုက်နေသည့် သွင်က ဖုန်း
ကိုင်လိုက်သည်။

"မပြန်ရသေးပါဘူး ။ "

"ကိုကိုပြောတာ မင်းပြန်သွားပြီတဲ့။ "

"သူကအဲ့လိုပဲ ပြောသလား ။ "

အသံကတည်ငြိမ်နေပေမယ့် ထွဋ်ဦးယံ၏ မျက်နှာ
တွင် ပျော်ရွှင်မှုတွေ စိုးမို့လို့နေသည်။

"ထူးထူးဆန်းဆန်း မင်းအကြောင်းဖုန်းဆက်ပြီး
ပြောဖူးတာပဲ ။ ပြန်မလာသေးပဲ ဘာလုပ်နေတာ
လဲ ။ "

လွှမ်းခေတ္တရာက ပြင်သစ်ကို ထွက်သွားပြီးထဲက သိပ်ချစ်ပါတယ်ဆိုတဲ့ တစ်ဦးတည်းသောတူလေး
သွင့်ကိုတောင် တစ်နှစ်တစ်ခါ ဖုန်းမဆက်အားပေ။
ဖုန်းဆက်လျှင်လဲ ထွဋ်ဦးယံက ပြင်သစ်ထိလိုက်လာ
ကာ စိတ်အနှောက်ယှက်ပေးကြောင်း ကိုယ့်သူငယ် ချင်းကိုယ် ထိန်းသင့်ကြောင်း စတဲ့ ရန်လိုတတ်တဲ့
အပြုသဘောဆောင်သည့် စကားများကိုသာ ပြော
သည်။

"ပြင်သစ်ကိုရောက်မှတော့ မင်းဦးလေးကို ပြင်သစ်
အနမ်းလေးပေးပြီးမှ ပြန်လာခဲ့မယ်။ "

ထွဋ်ဦးယံ သူ့ရှေ့က ကော့တေးအပြာရောင်လေးကို
ကိုင်ကာ ပြောလိုက်ပြီး  အရောင်ဖြင့် စွဲဆောင်နေ
သည့် ကော့တေးကို မော့ချလိုက်သည်။

ထွဋ်ဦးယံ၏ အပြောကို သွင်ရယ်ပြီး။

"ဆွဲထိုးမခံရဖို့ပဲ ဆုတောင်းလိုက်ပါတယ်။ "

"ဆုတောင်းကြမ်းလိုက်တာ ။ "

"ကိုကို့အကြောင်း ပြောနေဦးမယ်ဆိုရင် ဖုန်းချ
လိုက်တော့မယ် ။ အလုပ်တွေက တောင်လိုပုံနေ
တာ အားတာမဟုတ်ဘူးကွ။ "

"ဒီနေ့ မင်းတို့ နှစ်ပတ်လည်မလား သွင်။ "

"အင်း ။ "

စကားပြောနေရင်းက သွင်ခေတ္တရာ မျက်နှာပျက်
သွားရသည်။ သက္ကက အရင်လိုပဲ မေ့နေခဲ့ပြန်သည်။

The Kite(ongoing)जहाँ कहानियाँ रहती हैं। अभी खोजें